ဂျပန်နိုင်ငံပေါ်ကိုဖြတ်ပြီး မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်ပစ်ခတ်

တိုကျို၊ အောက်တိုဘာ-၄-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ဂျပန်နိုင်ငံကိုဖြတ်ကျော်ပြီး ပဲ့ထိန်းဒုံးကျည်တစင်းကို အောက်တိုဘာ ၄ ရက်မှာ ပစ်ခတ်လိုက်ပါတယ်။

အဲဒီပဲ့ထိန်းဒုံးကျည်ဟာ ပစိဖိတ်သမုဒ္ဒရာထဲကို မကျရောက်မီ မိုင် ၂၈၀၀ ထိခရီးနှင်းပျံသန်းခဲ့ပြီး အဲဒီအကွာအဝေးဟာ အမေရိန် ဂူအမ်ကျွန်းထိ ရောက်ရှိနိုင်ပါတယ်။

ဒီလိုပစ်ခတ်မှုကြောင့် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းနဲ့ အအိုမိုရီမြို့အပါအ၀င် နိုင်ငံမြောက်ပိုင်းရှိ ဒေသခံတွေကို မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်လိုက်ပုံရတာကြောင့် အဆောက်အအုံတွေ သို့မဟုတ် မြေအောက်တွေမှာခှိုလှုံကြဖို့ အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားရဲ့ တာလတ်ပစ်ဒုံးကျည်ပစ်ခတ်မှုဟာ တစုံတရာ ထိခိုက်မှုမရှိဘဲ ဂျပန်နိုင်ငံနဲ့ဝေးတဲ့ ပစိဖိတ်သမုဒ္ဒရာထဲကို ကျရောက်ခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံကိုဖြတ်ကျော်ပြီး မြောက်ကိုရီးယားရဲ့ ပထမဆုံးဒုံးကျည် ပစ်ခတ်မှုလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ နျူကလီးယားလက်နက်တွေ စမ်းသပ်ခြင်းမပြုဖို့ ကုလသမဂ္ဂက တားမြစ်ပိတ်ပင်ထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW