ဖလော်ရီဒါပြည်နယ်မှာ မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ၉၀ ကျော်ထိရှိလာ

၀ါရှင်တန်၊ အောက်တိုဘာ-၄-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်း အီယန်တိုက်ခတ်ပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေပြီး လက်ရှိချိန်ထိ သေဆုံးသူအရေအတွက် ၉၀ ကျော်ထိ မြင့်တက်လာကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

မုန်းတိုင်းဒဏ်အဓိက ခံခဲ့ရတဲ့ဒေသအချို့မှာ ဒေသခံတွေကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြဖို့ ကြိုတင်သတိပေးချက်တွေ လုံလောက်စွာမရရှိကြောင်း စွပ်စွဲမှုတွေကြောင့် ပြည်နယ်တာ၀န်ရှိသူတွေ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မုန်တိုင်းနဲ့ ဆက်နွယ်နေတဲ့ သေဆုံးမှုတွေရှိလာနိုင်တာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း ဒေသတာ၀န်ရှိသူတွေက ပြောပါတယ်။

ပြည်နယ်တ၀န်းမှာ လူငါးသိန်းရှစ်သောင်းကျော် လျှပ်စစ်ဓါတ်အား ပြတ်တောက်နေဆဲဖြစ်ပါတယ်။

သေဆုံးသူအားလုံးရဲ့ ထက်၀က်ဟာ ဖလော်ရီဒါပြည်နယ် လီခရိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ မုန်တိုင်းဘေးသင့်ရာဒေသတွေကို အောက်တိုဘာ ၅ ရက်မှာ သွားရောက်ဖို့ရှိနေပါတယ်။

ပြည်နယ်တ၀န်းမှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို အကဲဖြတ်ဆဲဖြစ်ပေမယ့်လည်း သုတေသနကုမ္ပဏီတစ်ခုရဲ့ အေက်တိုဘာ ၁ ရက်ကထုတ်ပြန်တဲ့ အစီရင်ခံစာအရ ဒေါ်လာ ၆၆ ဘီလီယံကျော်ထိရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW