ပြည်ခိုင်ဖြိုးထိပ်ပိုင်းခေါင်းဆောင်နေရာတွေကို အငြိမ်းစားဗိုလ်ချုပ်တွေပဲ နေရာယူ

အောက်တိုဘာ ၅-၂၀၂၂
KT(VOM)

ပြည်ခိုင်ဖြိုးထိပ်ပိုင်းခေါင်းဆောင်နေရာတွေကို အငြိမ်းစားဗိုလ်ချုပ်တွေ အစားထိုးခန့်အပ်လိုက်ပြီး သူတို့ရဲ့အစည်းအဝေးပြီးချိန်မှာပဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ရဲချုပ်ဟောင်းနဲ့ လဝက ဝန်ကြီးဟောင်း ဦးခင်ရီဟာ ပြည်ထောင်စု ကြံ့ခိုင်နဲ့ဖွံ့ဖြိုး‌ရေးပါတီ ဥက္ကဋ္ဌသစ် ဖြစ်လာပြီး ဒု-ဥက္ကဋ္ဌ ရာထူးနေရာတွေကို လက်ရှိ ဒုဥက္ကဋ္ဌ နှစ်ယောက်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ)ဟောင်း ဦးမြတ်ဟိန်းနဲ့ သမ္မတရုံးနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးလှထွန်းတို့ ပဲ ပြန်အရွေးခံရပါတယ်။

ဗဟိုအတွင်းရေးမှူးဖြစ်သူကတော့ အငြိမ်းစား
ဗိုလ်ချုပ် ဦးတင်အောင်ချစ်က တွဲဘက်အထွေထွေအတွင်းရေးမှူး ဖြစ်လာပါတယ်။

” လာမယ့်ရွေးကောက်ပွဲမှာ နိုင်အောင်လုပ်မယ်၊ ပါတီဝင်တစ်ဦးချင်းစီရဲ့လုံခြုံရေးကိုနည်းလမ်းပေါင်းစုံသုံး၍အကာအကွယ်ပေးဖို့စီစဥ်ထားပါတယ်၊ ကျွန်တော်တို့ပါတီမှာ ဒီနေ့အထိ တပ်မတော်ဘက်ကကူးပြောင်းလာတဲ့သူကို လက်ခံထားတာမရှိသေးပါဘူး”လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်လာသူ ဦးခင်ရီက ဒီကနေ့ ရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။

ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့ နေ့လယ် ၁ နာရီကပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီဥက္ကဋ္ဌ ဦးခင်ရီကအထက်ပါအကြောင်းအရာတွေကို ပြောခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပြည်ခိုင်ဖြိုးပါတီ #ဦးခင်ရီ

Related posts

Leave a Comment

VOM News

FREE
VIEW