အိန္ဒိယမြောက်ပိုင်းမှာ ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် ၂၅ ဦးထက်မနည်းသေဆုံး

ဒေလီ၊ အောက်တိုဘာ-၅-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥထရာခန်းပြည်ယန်မှာ အောက်တိုဘာ ၄ ရက်ညပိုင်းကဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားတစီးတိမ်းမှောက်မှုကြောင့် လူ ၂၅ ဦးထက်မနည်းသေဆုံးသွားပါတယ်။

အဲဒီဘတ်စ်ကားဟာ လျှိုမြှောင်တခုအတွင်းကို တိမ်းမှောက်ချိန် ကားပေါ်မှာခရီးသည် ၄၀ ဦးထက်မနည်းစီးနှင်းလိုက်ပါခဲ့ကြောင်း ပြည်နယ်တာ၀န်ရှိသူတွေက ပြောပါတယ်။ မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးနေကြပါတယ်။

လက်ရှိအချိန်ထိ အခင်းဖြစ်ရာနေရာကနေ လူ၂၁ ဦးကို ပြည်နယ်သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒီမတော်တဆမှုကြောင့် သေဆုံးမိသားစုတွေနဲ့ထပ်တူ ၀မ်းနည်းကြောင်း ၀န်ကြီးချုပ်မိုဒီကပြောပါတယ်။

အိန္ဒိယနိုင်ငံမှယ လမ်းအန္တရာယ်ကင်းရှင်းရေးအစီအမံတွေအားနည်းပြီး လမ်းပျက်စီးမှု၊ ယာဉ်ကြံ့ခိုင်မှုနဲ့ စည်းမျဉ်းစည်းကမ်းမလိုက်နာမှုတွေကြောင့် နှစ်စဉ်သေဆုံးသူ တသိန်းကျော်ထိရှိနေပါတယ်။

ဘတ်စ်ကားတွေဟာ အိန္ဒိယရဲ့ရေပန်းစားတဲ့ သယ်ယူပို့ဆောင်ရေးဖြစ်ပြီး အထူးသဖြင့် မြို့ငယ်တွေမှာ ပိုမိုတွင်ကျယ်ပေမယ့် သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေကို မကြခဏချိုးဖောက်မှုတွေရှိနေပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW