ထိုင်းနေ့ကလေးထိန်းကျောင်းကို ရဲအရာရှိဟောင်းက ပစ်ခတ်မှုကြောင့် လူ ၃၁ ဦးသေဆုံး

ဘန်ကောက်၊ အောက်တိုဘာ-၆-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ နေ့ကလေးထိန်းကျောင်းတခုထဲကို ရဲအရာရှိဟောင်းတဦးက ဒီနေ့အောက်တိုဘာ ၆ ရက်မှာ ၀င်ရောက်ပစ်ခတ်မှုကြောင့် လူ ၃၁ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံ အရှေ့မြောက်ဘက် Nong Bua Lamphu မှာဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအပြီးမှာတော့ သေနတ်သမားဟာ ကိုယ့်ကိုကိုယ်သတ်သေခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးတွေရော လူကြီးတွေရော ပါ၀င်တယ်လို့ဆိုပါတယ်။ သေနတ်သမားဟာ ကလေးရော လူကြီးကိုပါ ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ပြီး ကနဦးမှာ ထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကိုတော့ လက်ရှိချိန်ထိ မသိရသေးပါဘူး။

အဲဒီရဲအရာရှိဟာ မကြာသေးမီက ရာထူးကနေ ထုတ်ပယ်ခံထားရသူဖြစ်ကြောင်း ထိုင်းအခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးငယ် ၂၃ ဦးပါ၀င်ကြောင်း ပြည်နယ်ရဲမှူးကပြောပါတယ်။

ထိုင်းနိုင်ငံမှာ သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်မှုဟာ ရှားရှားပါးပါးဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်းမှာ စစ်သားတစ်ဦးက ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၂၁ ဦးသေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW