ကမ္ဘာ့ကုန်သွယ်မှုတိုးတက်မှုနှုန်း လာမယ့်နှစ်မှာ သိသိသာသာ နှေးကွေးမယ်လို့ WTO သတိပေး

ဂျီနီဗာ၊ အောက်တိုဘာ-၇-၂၀၂၂
မျိုးဆက်(VOM)

စွမ်းအင်စျေးနှုန်းမြင့်တက်မှုနဲ့ အတိုးနှုန်းမြင့်တက်မှုတွေကြောင့် ကမ္ဘာ့ကုန်သွယ်မှု တိုးတက်မှုနှုန်းဟာ ၂၀၂၃ ခုနှစ်မှာ သိသိသာသာနှေးကွေးသွားဖွယ်ရှိကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က အောက်တိုဘာ ၅ ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

ယနေ့ကမ္ဘာ့စီးပွားရေးဟာ ဘက်ပေါင်းစုံမှမကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး အမေရိကန်အပါအ၀င် ကမ္ဘာ့နိုင်ငံအတော်များများရဲ့ တိုးတက်မှုအပေါ် သက်ရောက်နေကြောင်း၊ ယူကရိန်းစစ်ပွဲ ပဋိပက္ခများမြင့်တက်လာခြင်းဟာ ကမ္ဘာ့စီးပွားရေး မတည်မငြိမ်မှု ပိုမိုတိုးပွားလာစေတယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ပြောပါတယ်။

ဥရောပမှာလည်း မြင့်မားတဲ့ စွမ်းအင်စျေးနှုန်းတွေကြောင့် အိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အခက်တွေ့နေရကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြီးအကဲ အန်ဂိုဇီအိုကွန်ဂျိုအိုင်၀ယ်လာက ပြောပါတယ်။

ဒါ့အပြင် ငွေကြေးမူဝါဒတင်းကျပ်ခြင်းဟာလည်း နေအိမ်၀ယ်ယူအပါအ၀င် အမေရိကန်မှာ လုပ်ကိုင်နေတဲ့ ပုံသေရင်းနှီးမြုပ်နှံမှုတွေအပေါ် သက်ရောက်မှုတွေရှိလာမှာဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အကြီးအကဲက အောက်တိုဘာ ၅ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လောင်စာဆီ၊ အစားအစာနဲ့ ဓါတ်မြေသြဇာအတွက် ကုန်ကျစရိတ်တွေ မြင့်မားနေခြင်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ကြွေးမြီပြသနာတွေ ဖြစ်ပေါ်လာနိုင်ကြောင်း သူက သတိပေးပြောဆိုပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW