လယ်သမားအရေးလုပ်တဲ့ ကိုအေးသိန်း ထောင်ဒဏ် နှစ် (၂၀) ကျော် ချမှတ်ခံရ

မန္တလေး ၊အောက်တိုဘာ ၆၊ ၂၀၂၂
Voice Of Myanmar

၂၀၂၀ ရွေးကောက်ပွဲမှာ သပိတ်ကျင်းမြို့နယ်ကနေ တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ခဲ့နဲ့ ကိုအေးသိန်းကို ဒီကနေ့မှာ ခရိုင်တရားရုံးက ပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၃နှစ်၊ ပုဒ်မ ၅၁(ဂ) နဲ့ ထောင်ဒဏ် ၈နှစ်
သီးခြား စီကျခံစေဆိုပြီး အမိန့်ချလိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းက သိရပါတယ်။

ကိုအေးသိန်းဟာ အရင်က လတွေက ပုဒ်မ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်ချပြီးသားမို့ စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ် ကျခံရမှာဖြစ်ပါတယ်။

ကိုအေးသိန်းဟာ အန်အယ်ဒီ ပါတီဝင်ဟောင်းဖြစ်ပြီး ကလေးစစ်သား၊ လယ်သမားနဲ့ အလုပ်သမားအရေးတွေ ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် သပိတ်ကျင်းမြို့နယ်ရဲ့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မန္တလေး အိုးဘိုထောင်မှာ အကျဉ်းကျခံနေရတာဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ကိုအေးသိန်းဟာ ထောင်အကြိမ်ကြိမ်ကျဘူးတဲ့ နိုင်ငံ​ရေးအကျဉ်းသားဟောင်းတယောက်ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကိုအေးသိန်း

Related posts

Leave a Comment

VOM News

FREE
VIEW