ကလေးငယ် ၆၆ ဦးသေဆုံးပြီးနောက် အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေး ၄မျိုးကို ထုတ်ကုန် သတိပေးချက်အဖြစ် WHO ထုတ်ပြန်

ဂျီနီဗာ၊ အောက်တိုဘာ-၇-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ဟာ အိန္ဒိယနိုင်ငံမှထုတ်လုပ်တဲ့ ချောင်းဆိုးပျောက်ဆေး လေးမျိုးနဲ့ပတ်သက်ပြီး အောက်တိုဘာ ၆ ရက်မှာ သတိပေးချက်ထုတ်ပြန်လိုက်ပြီး အဲဒီဆေးတွေဟာ ဂမ်ဘီယာနိုင်ငံမှာ ကလေးငယ် ၆၆ ဦးသေဆုံးမှုနဲ့ ဆက်နွယ်နေတယ်လို့ ပြောပါတယ်။

အနောက်အာဖရိကရှိ ဂမ်ဘီယာနိုင်ငံမှာ ကျောက်ကပ်ထိခိုက်ပျက်စီးမှုတွေကြောင့် ကလေးငယ်တွေသေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးပြီးနောက်မှာ အဲဒီချောင်းဆိုးပျောက်ဆေးတွေနဲ့ ဆက်နွယ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးလိုက်တာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆေးဝါးထုတ်ကုန်သတိပေးချက်ထုတ်ပြန်ခဲ့တဲ့ ချောင်ဆိုးပျောက်ဆေးလေးမျိုးမှာ Promethazine Oral Solution ၊ Kofexmalin Baby Cough Syrup ၊ Makoff Baby Cough Syrup နဲ့ Magrip N Cold Syrup တို့ဖြစ်ပါတယ်။

ဆေးတွေကိုထုတ်လုပ်ခဲ့တဲ့ မိုင်ဒန်ဆေးဝါးကုမ္ပဏီနဲ့ အိန္ဒိယအာဏာပိုင်တွေနဲ့ အတူ ဒီကိစ္စအပေါ် နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

အဲဒီချောင်းဆိုပျောက်ဆေးရည်တွေကို ရောင်းချမှု ရပ်တန့်ဖို့ကျန်းမာရေးဆိုင်ရာတာ၀န်ရှိသူတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားပါတယ်။

အိန္ဒိယကျန်းမာရေး၀န်ကြီးဌာနနဲ့ ဆေးဝါးကွပ်ကဲရေးဌာနကမူ ဒီကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ အမိန့်ထုတ်ထားပါတယ်။

Ref: BBC
Photo: WHO
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW