မူဆယ်မြို့နယ်တရားသူကြီး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံး

အောက်တိုဘာ ၆၊၂၀၂၂
KK(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ၆ရက် ညနေပိုင်းက နေအိမ်ကို ပြန်လာတဲ့ မြို့နယ်တရားသူကြီးကို
အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြို့နယ်တရားသူကြီးဟာ တရားရုံးကပြန်လာပြီး နမ္မတူ မိတ္တူဆိုင်အနီးမှာ စျေးဝယ်ပြီး ကားပေါ်အတက် ဆိုင်ကယ်စီးလာသူ နှစ်ဦးက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“စျေးဝယ်ပြီးကားပေါ်အတက် ကားစက်နိုးနေတဲ့အချိန်ဆိုင်ကယ်နဲ့ နှစ်ယောက်ရောက်လာပြီး တစ်ဦးက သေနတ်နဲ့ ကားမှန်ရှေကနေ ဆက်တိုက်ပစ်တာ ခြောက်ချက်လော
က်ရှိမယ်”လို့ ပြောပါတယ်။

ပစ်ခတ်မှု့ကြောင့် ကျည်ထိမှန်ဒဏ်ရာလေးချက်နဲ့ မူဆယ်မြို့နယ်တရားသူကြီးမှာ အခင်းဖြစ်ရာနေရာမှာတင် သေဆုံးသွားတာ ဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ဆိုင်ကယ်နဲ့လာတာ နှစ်ယောက် တစ်ယောက်က စက်နိုးထားတယ် တစ်ယောက်ကပစ်တယ် ချက်ချင်းမသေဘူး ကားကို စက်နိုး ကွေ့ပြီးမောင်းသွားသေးတယ်။ ကားကွေ့ပြီးမောင်းရုံပဲရတယ် ရတဲ့ဒဏ်ရာတွေနဲ့ ကားပေါ်မှာ သေသွားတာ”လို့ ရှင်းပြပါတယ်။

သေဆုံးသူဟာ မူဆယ်မြို့နယ်တရားသူကြီးဦးရာဇာမင်းစိုးဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို မူဆယ်မြို့နယ်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လက်တလောမှာ ပစ်ခတ်မှုဖြစ်ရာ နမ့်တူစားသောက်ဆိုင်နဲ့အနီးတဝိုက်ကို စစ်တပ်နှင့်ရဲတွေက ကားတွေနှင့်ဆိုင်က
ယ်တွေကို စစ်ဆေးနေတယ်သိရပြီး ဘယ်လက်နက်က်ုင်အဖွဲ့က လုပ်ကြံတယ်ဆိုတာ မသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

#voiceofmyanmar #VOM #မူဆယ် #မူဆယ်မြို့နယ်တရားသူကြီးလုပ်ကြံခံရ

Related posts

Leave a Comment

VOM News

FREE
VIEW