ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်ဖို့ မြောက်ကိုရီးယားပြင်ဆင်နေကြောင်း ကုလသမဂ္ဂ သတိပေး

ကုလသမဂ္ဂ၊ အောက်တိုဘာ-၈-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုလုပ်ဆောင်ဖို့ ပြင်ဆင်နေကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူအဖွဲ့တဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ကျွမ်းကျင်သူအဖွဲ့ဟာ မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး ဇန်နဝါရီလမှ ဇူလိုင်လကုန်ထိ ကြားဖြတ်အစီရင်ခံစာကို အောက်တိုဘာ ၇ ရက်က ထုတ်ပြန်ရာမှာ အခုလိုက် သတိပေးလိုက်တာဖြစ်ပါတယ်။

ဥမင်လိုဏ်ခေါင်းတည်ဆောက်မှုနဲ့ နျူုကလီးယားစမ်းသပ်မှုပြုလုပ်ရာမှာ အသုံးပြုနိုင်ဖွယ်ရှိတဲ့တည်ဆောက်မှု ပုံသဏ္ဍန်တွေကို မြောက်ကိုရီးယားအရှေ့မြောက်ဘက်ရှိ ပန်ဂေးရီနျူကလီးယား စမ်းသပ်စခန်းမှာ တွေ့ရှိခဲ့ကြောင်း အစီရင်ခံစာမှာ အတည်ပြုထားပါတယ်။

အဲဒီနေရာမှာ မြောက်ကိုရီးယားက နောက်ထပ်နျူကလီးယားစမ်းသပ်မှုပြုလုပ်နိုင်ခြေရှိပြီး မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်တွေ ကြိမ်ဖန်များစွာ ပစ်ခတ်စမ်းသပ်ခဲ့ခြင်းတာကြောင့် နည်းပညာဆိုင်ရာ တိုးတက်မှုတွေရှိနေခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလို လက်နက်စမ်းသပ်မှုတွေပြုလုပ်နိုင်ရေးအတွက် ရန်ပုံငွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေကတဆင့် ရယူခဲ့ပြီး လွန်ခဲ့တဲ့ခြောက်လတာကာလအတွင်း မြောက်ကိုရီးယားဟတ်ကာတွေဟာ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိ ဒစ်ဂျစ်တယ်ငွေတွေကို ခိုးယူခဲ့ကြကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW