ဟေတီမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတကာက စစ်ရေးအကူအညီတွေ တောင်းခံ

ပို့အော့ပရင့် ၊ အောက်တိုဘာ-၈-၂၀၂၂
မျိုးဆက်(VOM)

ဟေတီနိုင်ငံမှာ လုံခြုံရေးအခြေအနေယိုယွင်းစေတဲ့ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ အကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် နိုင်ငံတကာမှ စစ်ရေးဆိုင်ရာအကူအညီပေးကြဖို့ ဟေတီနိုင်ငံက အောက်တိုဘာ ၇ ရက်မှာ တောင်းခံလိုက်ပါတယ်။

ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းဖြစ်လာနိုင်တဲ့ အန္တရာယ်ကြောင့် စစ်ရေးအကူအညီတောင်းခံရခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ် အေရီရယ်လ်ဟင်နရီကပြောပါတယ်။

ဒါပေမယ့် ဒီလိုအကူအညီတောင်းခံမှုကို ဘယ်နိုင်ငံတွေကို ပေးပို့ခဲ့ပြီး ဘယ်လိုကူညီပေးကြမယ်ဆိုတာကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။

ကုလမသမဂ္ဂကတော့ ဟေတီအစိုးရရဲ့ တရား၀င်အကူအညီတောင်းခံမှု မရရှိသေးကြောင်း ပြောပါတယ်။ လက်ရှိမှာ ဟေတီိနိုင်ငံရဲ့ လုံခြုံရေးအခြေအနေ ၊ ပြည်သူတွေအပေါ် သက်ရောက်မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေအပေါ် လွန်စွာစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်ကပြောပါတယ်။

တချိန်တည်းမှာ အမေရိကန်ဟာ ဟေတီရှိသူ့နိုင်ငံသားတွေကို လုံခြုံရေးအခြေအနေကြောင့် ထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။

နိုင်ငံတွင်းရှိ သြဇာအာဏာ အင်အားကြီးဂိုဏ်းတခုဟာ အဓိကလောင်စာဆီတင်ပို့တဲ့ဂိတ်ကို စက်တင်ဘာလကတည်းက ပိတ်ဆို့ထားခဲ့ပါတယ်။

ဒါကြောင့် အမေရိကန်ဟာ ဟေတီနိုင်ငံအတွင်း လောင်စာဆီဖြန့်ဖြူးမှု ပြန်လည်ထူထောင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြန်တခု စဉ်းစားနေကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ပို့အော့ပရင့်

Related posts

Leave a Comment

VOM News

FREE
VIEW