တောင်ကိုရီးယားကို နျူကလီးယားနဲ့တိုက်တဲ့ပုံစံ လေ့ကျင့်ခဲ့တယ်လို့ မြောက်ကိုရီးယားပြော

ပြုံးယမ်း၊ အောက်တိုဘာ-၁၀-၂၀၂၂
မျိုးဆက်(VOM)

မကြာသေးမီကပြုလုပ်ခဲ့တဲ့ ဒုံးကျည်ပစ်ခတ်မှုတွေဟာ တောင်ကိုရီးယားကို နျူကလီးယား တိုက်ခိုက်မှုပုံစံအတိုင်း တုပလေ့ကျင့်မှု ပြုလုပ်ခဲ့တာဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။

တောင်ကိုရီးယား စစ်အခြေစိုက်စခန်းတွေ၊ ဆိပ်ကမ်းတွေနဲ့လေဆိပ်စတဲ့ပစ်မှတ်တွေကို တိုက်ခိုက်ပုံမျိုးတုပလုပ်ဆောင်ခဲ့ပြီး ဒါဟာ အမေရိကန်နဲ့တောင်ကိုရီးယားတို့အတွက် သတိပေးချက်ဖြစ်တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားဟာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်နျူကလီးယားစမ်းသပ်ပြင်ဆင်နေတယ်လို့ ထောက်လှမ်းရေး သတင်းတွေထွက်ပေါ်နေချိန်မှာ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

မကြာသေးခင်သီတင်းပတ်အတွင်းကလည်း မြောက်ကိုရီးယားဟာ အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဒုံးကျည်ခုနှစ်စင်းပစ်ခတ်ခဲ့ပါတယ်။

ဒုံးကျည်တွေဟာ နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေသယ်ဆောင်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW