လာမယ့်နှစ်အတွင်း ကမ္ဘာ့စီးပွားရေး ဆက်လက်ကျဆင်းမယ်လို့ အိုင်အမ်အက်ဖ် သတိပေး

ဝါရှင်တန်၊ အောက်တိုဘာ-၁၂-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာတ၀န်းမှာ ငွေကြေးဖောင်းပွမှုနဲ့ အခြားသောအခြေအနေတွေကြောင့် လာမယ့်နှစ်မှာ ကမ္ဘာ့စီးပွားရေး ဆက်လက်ကျဆင်း နေဦးမယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က သတိပေးထုတ်ပြန်ပါတယ်။

ကမ္ဘာ့စီးပွားရေး အလားအလာနဲ့ပတ်သက်ပြီး အိုင်အမ်အက်ဖ်က အောက်တိုဘာ ၁၁ ရက်မှာ အစီရင်ခံစာထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ စီးပွားရေးဆုတ်ယုတ်မှုနဲ့ ဆက်လက်ရင်ဆိုင်ရနိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လာမယ့်နှစ်အတွင်း စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကို ဇူလိုင်လမှာ ခန့်မှန်းထားတာထက် သုည ဒသမ ၂ ရာခိုင်နှုန်းလျှော့ချကာ ၂ ဒသမ ၇ ရာခိုင်နှုန်းရှိမယ်လို့ အိုင်အမ်အက်ဖ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလို စီးပွားရေးကျဆင်းမှုဟာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုနဲ့ ကာလရှည် ငွေကြေးဖောင်းပွဲမှုဖြစ်ပွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ လူနေမှုစရိတ်တွေ ကြီးမြင့်လာခြင်းကြောင့်လို့ အိုင်အမ်အက်ဖ်ကဆိုပါတယ်။

စီးပွားရေးအင်အားကြီး အမေရိကန်၊ တရုတ်နှင့် ဥရောပနိုင်ငံတွေမှာ စီးပွားရေးတိုးတက်မှု နှေးကွေးနေဦးမှာဖြစ်ပြီး အဆိုးဆုံးအခြေအနေမရောက်သေးပေမယ့် ၂၀၂၃ ခုနှစ်မှာ စီးပွားရေးဆုတ်ယုတ်မှုကို ခံစားရလိမ့်မယ်လို့ အိုင်အမ်အက်ဖ်က သတိပေးထားပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW