ဒေါ်အောင်ဆန်းစုကြည် အဂတိမှု ၂မှုနဲ့ ထောင် ၃ နှစ် ထပ်ချခံရ

အောက်တိုဘာ ၁၂-၂၀၂၂
KT(VOM)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဦးမောင်ဝိတ်ဆီက အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ​ လာဘ်ယူတယ်ဆိုပြီးစွပ်စွဲချက်နဲ့ တရားစွဲဆိုခဲ့တဲ့ အဂတိအမှု၂မှုအတွက် ထောင်ဒဏ် ၃နှစ်စီ ထပ်ချမှတ်ခံလိုက်ရတယ်လို့ တရားရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အဂတိအမှု ၂ မှုအတွက် တစ်မှုကို ထောင်ဒဏ် ၃ နှစ်နဲ့ နှစ်မှု ၆ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး တစ်ပေါင်းတည်းကျခံစေဖို့ အမိန့်ချခဲ့တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ၃ နှစ် ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ ထောင်ဝင်စာပစ္စည်းတချို့ ပေးအပ်ခွင့်ရ​တယ်လို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့အမိန့်ချမှတ်ခံထားရတာတွေနဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်အထိ ရှိလာပြီး နောက်ထပ် အဂတိအမှု ၅မှုကိုလည်း နေပြည်တော်အချုပ်ထောင် အတွင်းတရားရုံးမှာ ဆက်လက်ရင်ဆိုင်ဖို့ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည် #ထောင်၃နှစ်ထပ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW