ရေနံလျှော့ထုတ်မယ့် ဆုံးဖြတ်ချက်ကြောင့် ဆော်ဒီနဲ့ဆက်ဆံရေး ပြန်သုံးသပ်မယ်လို့ အမေရိကန်ပြော

ဝါရှင်တန်၊ အောက်တိုဘာ-၁၂-၂၀၂၂
မျိုးဆက်(VOM)

ရေနံတင်ပို့ရောင်းချတဲ့နိုင်ငံများ(အိုပက်)နဲ့ မဟာမိတ်နိုင်ငံတွေက ရေနံထုတ်လုပ်မှုလျှော့ချဖို့ မကြာသေးမီက ဆုံးဖြတ်ပြီးနောက် ဆော်ဒီအာရေဗျနဲ့ ဆက်ဆံရေးကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြန်လည်သုံးသပ်ဖို့ ရည်ရွယ်ထားကြောင်း အိမ်ဖြူတော်ထိပ်တန်းတာ၀န်ရှိသူတဦးက အောက်တိုဘာ ၁၁ ရက်မှာ ပြောပါတယ်။

နိုင်ငံတော်အကျိုးစီးပွားအတွက် အမေရိကန်အနေဲ့ ဆော်ဒီအာရေဗျနဲ့ဆက်ဆံရေးကို ပြန်လည်သုံးသပ်သင့်တယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ယုံကြည်နေကြောင်း အမျိုးသားလုံခြုံရေးကောင်စီရဲ့ မဟာဗျူဟာမြောက်ဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဂျွန်ကာဘီကပြောပါတယ်။

ဆော်ဒီအာရေဗျက အဓိကဦးဆောင်နေတဲ့ အိုပက်နဲ့ မဟာမိတ်နိုင်ငံတွေဟာ နို၀င်ဘာလမှစပြီး တရက်ကို ရေနံစည်ပေါင်းနှစ်သန်းလျှော့ချထုတ်လုပ်ဖို့ ယခုလအစောပိုင်းမှာ သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီလိုရေနံထုတ်လုပ်မှုလျှော့ချခြင်းကြောင့် ရေနံစျေးတွေတက်လာမှာဖြစ်ပြီး ရေနံတင်ပို့မှုမှတဆင့် ရုရှားရဲ့ ၀င်ငွေတိုးပွားလာနိုင်ခြေရှိပါတယ်။

ရေနံတိုးမြှင့်ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ဆော်ဒီအာရေဗျကို ဇူလိုင်လမှာ သွားရောက်ခဲ့ပါတယ်။

အိုပက်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ရေနံထုတ်လုပ်မှုလျှော့ချဖို့ ဆုံးဖြတ်ချက်ကိုတုံ့ပြန်တဲ့အနေနဲ့ ဆော်ဒီအာရေဗျသို့ အမေရိကန်ကလက်နက်ရောင်းချမှုအပေါ် ပြန်လည်သုံးသပ်ဖို့ အမေရိကန်ဒီမိုကရက်တစ်ပါတီ၀င်အချို့က တောင်းဆိုနေကြပါတယ်။

Ref: NHK
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW