ယူကရိန်းအတွက် အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ထောက်ပံ့မယ်လို့ နေတိုးနဲ့မဟာမိတ်တွေ ကြေညာ

ဘရယ်ဆဲလ်၊ အောက်တိုဘာ-၁၃-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနယ်မြေတွေကို ရုရှားက ဒုံးကျည်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ပြီးနောက်မှာ ယူကရိန်းအတွက် အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပေးပို့ထောက်ပံ့မယ်လို့ နေတိုးနဲ့မဟာမိတ်နိုင်ငံတွေက ကြေညာပါတယ်။ ဗြိတိန်၊ ကနေဒါ ၊ ပြင်သစ်နဲ့ နယ်သာလန်တို့က ထောက်ပံ့ပေမယ်လို့ ကတိပြုထားတဲ့လက်နက်တွေထဲမှာ ဒုံးကျည်တွေနဲ့ ရေဒါစနစ်တွေပါ၀င်ပါတယ်။ အမေရိကန်ကလည်း အစောပိုင်းကတည်းက အလားတူကတိပြုထားပါတယ်။ ဂျာမနီရဲ့ အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုက ယူကရိန်းမှာရှိနှင့်နေပြီးဖြစ်ပါတယ်။နိုင်ငံပေါင်း ၅၀ မှ ယူကရိန်းရဲ့မဟာမိတ်တွေဟာ ဘရပ်ဆဲလ်မှာရှိတဲ့ နေတိုးဌာနချုပ်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ယူကရိန်းအတွက် ထောက်ပံ့မှုတွေကို ကြေညာခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကတော့ ဒီအစည်းအဝေးမှာ သမိုင်း၀င်ဖြစ်တယ်လို့ ချီးကျူးပြောဆိုပါတယ်။ အစည်းအဝေးပြီးနောက် နာရီအနည်းငယ်အကြာ ဒီနေ့ အောက်တိုဘာ ၁၃ ရက်အစောပိုင်းမှာတော့ ယူကရိန်းတောင်ပိုင်း Mykolaiv မြို့ကို လက်နက်ကြီးတွေနဲ့ ရုရှားကပစ်ခတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေဟာ ယူကရိန်းကို ရုရှားရဲ့ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှု အပြင်းထန်ဆုံးဖြစ်ပြီး ပထမဆုံးတိုက်ခိုက်တဲ့နေ့မှာတင် လူ…

Read More

ထိုင်းမှာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်မှု ပိုမိုတင်းကြပ်ဖို့စီစဉ်နေ

ဘန်ကောက်၊ အောက်တိုဘာ-၁၃-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်င်ငံမှာ လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက ဖြစ်ပွားခဲ့တဲ့ မူကြိုကျောင်းသေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေနတ်ကိုင်ဆောင်မှုနဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်မှုကို အရှိန်မြှင့်ဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ မူကြိုကျောင်းကို လွန်ခဲ့တဲ့ အောက်တိုဘာ ၆ ရက်က ရဲအရာရှိဟောင်းတစ်ဦးက ၀င်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ် ၂၄ ဦးအပါအ၀င် လူ ၃၆ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ မူးယစ်ဆေးဝါး လက်၀ယ်ပိုင်ဆိုင်မှုနဲ့ ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခံရသူဖြစ်ပြီး တိုက်ခိုက်ရာမှာ အသုံးပြုတဲ့သေနတ်ဟာ တရား၀င်၀ယ်ယူကိုင်ဆောင်ထားခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့၀င်အဖြစ် တာ၀န်ထမ်းဆောင်စဉ်က အသုံးပြုခဲ့တဲ့ သေနတ်မဟုတ်ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ နိုင်ငံတွင်းမှာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ မူးယစ်ဆေးဝါး တင်းကြပ်စွာထိန်းချုပ်မှုနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့၀န်ကြီးတွေ၊ အခြားတာ၀န်ရှိသူတွေနဲ့အတူ အောက်တိုဘာ ၁၂ ရက်မှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားသူတွေကို စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ သူတို့ကို သုံးနှစ်မှငါးနှစ်အတွင်း…

Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင် ထောင်ဆယ်နှစ် ချမှတ်ခံရ

အောက်တိုဘာ ၁၃-၂၀၂၂ Voice Of Myanmar(VOM) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင် သမ္မတရုံး၊ လုံခြုံရေးဌာနကြီး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးကို ဒီကနေ့အောက်တိုဘာ ၁၃ ရက်မှာ ထောင် ဆယ်နှစ်ချခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက သိရပါတယ်။ နေပြည်တော် အထူးတရားရုံးကနေ နိုင်ငံတော်လျှို့ဝှက်ချက်အက်နဲ့ အမိန့်ချခဲ့တာဖြစ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုထပ်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အများစုမှာ လိုက်ပါခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့် ဒေါ်ချယ်ရီထက်ရဲ့ အထက်အရာရှိလည်း ဖြစ်ပါတယ်။ ဦးအောင်နိုင်ဦးကို မနှစ်က အောက်တိုဘာမှာဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်နှစ်အကြာမှာ အခုလိုအမိန့်ချခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးအဖွဲ့ခေါင်းဆောင် #ဦးအောင်နိုင်ဦး

Read More

ကလေးတွေသေဆုံးမှုကြောင့် Maiden ဆေးကုမ္ပဏီရဲ့ ချောင်းဆိုးပျောက်ဆေးထုတ်လုပ်မှု ရပ်ဆိုင်းဖို့ အိန္ဒိယအာဏာပိုင်တွေ အမိန့်ထုတ်

ဒေလီ၊ အောက်တိုဘာ-၁၃-၂၀၂၂ မျိုးဆက်(VOM) အာဖရိကရှိ ဂမ်ဘီယာနိုင်ငံမှာ ကလေးငယ်များသေဆုံးမှုနဲ့ ဆက်နွယ်နေတဲ့ ချောင်းဆိုးပျောက်ဆေးထုတ်လုပ်တဲ့ အိန္ဒိယဆေးကုမ္ပဏီကို အဲဒီဆေးတွေ ထုတ်လုပ်မှုရပ်ဆိုင်းဖို့ အိန္ဒိယကျန်းမာရေးတာ၀န်ရှိသူတွေက အောက်တိုဘာ ၁၃ ရက်မှာ အမ်ိန့်ထုတ်လိုက်ပါတယ်။ အိန္ဒိယအခြေစိုက် Maidenဆေးဝါးကုမ္ပဏီရဲ့ချောင်းဆိုးပျောက်ဆေးလေးမျိုးဟာ ဂမ်ဘီယာနိုင်ငံမှာ မကြာသေးမီလတွေအတွင်းက ကျောက်ကပ်ပျက်စီးပြီး ကလေးငယ် ၇၀ နီးပါးသေဆုံးမှုနဲ့ ဆက်နွယ်မှုရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်ပြီးနောက်မှာ အခုလိုက် အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတိပေးချက်ထုတ်ပြန်ထားတဲ့ ချောင်းဆိုးပျောက်ဆေးလေးမျိုးကတော့ Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup and Magrip N Cold Syrup တို့ဖြစ်ပါတယ်။ Maiden ဆေးဝါးကုမ္ပဏီဟာ ထုတ်လုပ်မှုနဲ့ စမ်းသပ်မှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ အိန္ဒိယကျန်းမာရေးအာဏာပိုင်တွေကပြောပါတယ်။ လက်ရှိမှာ အဲဒီချောင်းဆိုပျောက်ဆေးတွေနဲ့ပတ်သက်ပြီး ဂမ်ဘီယာနဲ့…

Read More

ဆားတောင်နယ်မှာ ဘုန်းကြီး ၁ ပါး ပစ်သတ် ၊ ခေါင်းဖြတ်ခံရပြီး ကားလုယူခံရ

အောက်တိုဘာ ၊ ၁၃ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့၊ ညောင်ငုပ်တိုရပ်ကွက် ၊ ဘုန်းကြီးကျောင်းလမ်းမှာ ဒီကနေ့ အောကိတိုဘာ ၁၃ရက် မနက် ၇ နာရီဝန်းကျင်က ဘုန်းကြီး ၁ ပါး ပစ်သတ်ခံရပြီး ၊ ဦးခေါင်းဖြတ်ကာ ကားလုယူသွားတာကို ခံခဲ့ရတယ်လို့ ဆားတောင်မြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် ကျောင်းရှေ့လမ်းမှာဖြစ်သွားတာပါ ၊ သစ္စာရွှေဂူဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ခန်းနေဆရာတော် ဥူးကောဏ္ဍည သက်တော်(၅၀) ၊ ဝါတော်(၂၀) ဟာ ဆွမ်းခံဖို့ ကျောင်းကထွက်အလာ အမည်မသိ လက်နက်ကိုင် လူ ၁၅ ယောက်လောက်က ပစ်သတ်ပြီး ခေါင်းဖြတ်သွားတယ် ၊ ဘုန်းကြီးစီးလာတဲ့ ခွေးဘီလူးကားကိုလည်း သူတို့ယူသွားတာ “လို့ ညောင်ငုပ်တိုရွာခံ တယောက်က ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့…

Read More

နိုင်ငံတော် အရန်ဆန်ရောင်းပေးထားတဲ့ ကုန်သည်တွေကိုသာ ဘင်္ဂလားဒေ့ရှ်ကို ဆန်တင်ပို့ခွင့်ပေး

အောက်တိုဘာ ၁၃- ၂၀၂၂ SN (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ရမယ့် ဆန်တန်ချိန် ၂ သိန်းကို နိုင်ငံတော်အရန်ဆန် ရောင်းထားတဲ့ ကုမ္ပဏီတွေသာ ခွဲတမ်းရရှိတာဖြစ်ပြီး အရန်ဆန်ရောင်းချထားခြင်းမရှိတဲ့ ကုန်သည်တွေကတော့ တင်ပို့ခွင့်မရှိဘူးလို့ ကုန်သည်တွေဆီကနေ သိရပါတယ်။ နိုင်ငံတော်အရန်ဆန်ကို လအလိုက် သွင်းပေးရတာဖြစ်ပြီး အရန်ဆန်ပေးသွင်းရာမှာ ပြင်ပပေါက်စျေးထက် ၃ ထောင်နီးပါး ကွာဟတာကြောင့် ကုန်သည်တွေအတွက် အရှုံးရှိပေမယ့်လည်း အရန်ဆန်ရောင်းချပေးတဲ့ ပမာဏအပေါ်မူတည်ပြီး ပြည်ပနိုင်ငံ‌တွေကိုတင်ပို့မယ့် ဆန်ခွဲတမ်းကို ပြန်လည်ချပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ကို ဆန်တန်ချိန် ၂ သိန်းတင်ပို့တာ ဆန်စပါးအသင်းကခွဲတမ်းချပေးတာ။ နိုင်ငံတော်အရန်ဆန်ကို အရှုံးခံရောင်းချပေးထားတဲ့ ကုမ္ပဏီတွေပဲ တင်ပို့ခွင့်ရတာ။ အရန်ဆန်ပေးသွင်းတဲ့ အနည်းအများအပေါ်ကြည့်ပြီး​ ခွဲဝေပေးတာ”လို့ အမည်မဖော်လိုသူ ဆန်ကုန်သည်တဦးက ပြောပါတယ်။ လက်ရှိမှာ နိုင်ငံတော်အရန်ဆန် တစ်အိတ်ကို ကျပ် ၁သောင်းနှုန်းနဲ့ ရောင်းချပေးထားတဲ့ ကုမ္ပဏီတွေကို…

Read More

မြောက်စောင်းတန်းကထမင်းဆိုင်

ဆူးငှက် ထိုနေရာရောက်တိုင်း စိတ်ထဲဝယ် နင့်ကနဲခံစားခဲ့ရသည့်ဖစ်ရပ်ကိုလည်းမမ့ရပါချေ။ ထမင်းဆိုင်လေး တစ်ဆိုင်မှာဖစ်၏။ ထမင်းဆိုင်ကလေးက ထိုအနားလေးမှာပင် ရှိခဲ့ဖူးသည်။ မဟာမုနိဘုရားကြီး မာက်စောင်းတန်း ခါးပြတ်၏ အနောက်ဖက်နား ဆိုကြပါစို့။ ××××× ××××× တကယ်တော့ ထမင်းဆိုင်ဟု ဆိုသော်လည်း စားပွဲနှင့် ကုလားထိုင်နှင့် ကျကျနနမဟုတ်။ စတီးဇလုံကြီးများ၊ကြွရည်သုတ် ထမင်းအုပ်များ၊ ဝင်းလက်တောက်ပ ဒန်အိုးကြီးများနှင့် ခမ်းခမ်းနားနားမဟုတ်။ ထမင်းဆိုင်လေးက ဇရပ်လေးတစ်ဆောင်၏ အဖီလေးထဲမှာ ရှိသည်။ ထမင်းဆိုင်ပုံစံထက် အိမ်ငှားတစ်ဦး၏ မီးဖိုချောင်လေးနှင့် ပို၍တူပါသည်။ မီးခိုးတအူအူ ထင်းမီးဖို၏ ဖိုခနောက်ပေါ်မှာ အိုးမည်းနှင့် ဆီချေးညှိတက်နေသောမအိုးသုံးလုံး ရှိသည်။ သူ့အိုးနှင့် သူ့စလောင်း အံမဝင်သော အိုးဖုံးတွေကလည်း ဆီချေးအထပ်ထပ်။ ခနော်ခနဲ့ စင်ကလေးပေါ်မှာ မီးဖိုပေါ်ကမအိုးများထက် အိုးမည်းနှင့်ဆီချေး အနည်းငယ် နည်းသည့် ဒန်အိုးသုံးလုံးလောက် ရှိသည်။ ထိုဒန်အိုးများကလည်း ထုံးစံအတိုင်း သူ့အိုးနှင့် သူ့အဖုံးမဟုတ်တာသချာ၏။ အိုးဖုံးများက လ…

Read More
VOM News

FREE
VIEW