မြောက်စောင်းတန်းကထမင်းဆိုင်

ဆူးငှက်

ထိုနေရာရောက်တိုင်း စိတ်ထဲဝယ် နင့်ကနဲခံစားခဲ့ရသည့်ဖစ်ရပ်ကိုလည်းမမ့ရပါချေ။
ထမင်းဆိုင်လေး တစ်ဆိုင်မှာဖစ်၏။ ထမင်းဆိုင်ကလေးက ထိုအနားလေးမှာပင် ရှိခဲ့ဖူးသည်။
မဟာမုနိဘုရားကြီး မာက်စောင်းတန်း ခါးပြတ်၏ အနောက်ဖက်နား ဆိုကြပါစို့။
××××× ×××××
တကယ်တော့ ထမင်းဆိုင်ဟု ဆိုသော်လည်း စားပွဲနှင့် ကုလားထိုင်နှင့် ကျကျနနမဟုတ်။
စတီးဇလုံကြီးများ၊ကြွရည်သုတ် ထမင်းအုပ်များ၊ ဝင်းလက်တောက်ပ ဒန်အိုးကြီးများနှင့်
ခမ်းခမ်းနားနားမဟုတ်။ ထမင်းဆိုင်လေးက ဇရပ်လေးတစ်ဆောင်၏ အဖီလေးထဲမှာ ရှိသည်။
ထမင်းဆိုင်ပုံစံထက် အိမ်ငှားတစ်ဦး၏ မီးဖိုချောင်လေးနှင့် ပို၍တူပါသည်။ မီးခိုးတအူအူ ထင်းမီးဖို၏
ဖိုခနောက်ပေါ်မှာ အိုးမည်းနှင့် ဆီချေးညှိတက်နေသောမအိုးသုံးလုံး ရှိသည်။ သူ့အိုးနှင့်
သူ့စလောင်း အံမဝင်သော အိုးဖုံးတွေကလည်း ဆီချေးအထပ်ထပ်။ ခနော်ခနဲ့ စင်ကလေးပေါ်မှာ
မီးဖိုပေါ်ကမအိုးများထက် အိုးမည်းနှင့်ဆီချေး အနည်းငယ် နည်းသည့် ဒန်အိုးသုံးလုံးလောက်
ရှိသည်။ ထိုဒန်အိုးများကလည်း ထုံးစံအတိုင်း သူ့အိုးနှင့် သူ့အဖုံးမဟုတ်တာသချာ၏။ အိုးဖုံးများက လ
မျက်နှာပြင်လို ခွက်တာခွက်မှာက်တာမှောက် ၊ ထိုအိုးဖုံးပေါ်မှာ လက်ကိုင်မဲ့ ဟင်းခတ်ဇွန်းကြီးရှိသည်။
ပြီးတော့ ဇလုံသုံးလေးလုံးရှိမည်။ စင်အောက်ခြေမှာ ထမင်းလုံး၊ ဟင်းဖတ်များနှင့် ဆီဝေ့နေသည့်
အင်တုံကြီးတစ်လုံးရှိမည်။
ဒန်အိုးတွေ တင်ထားသည့် ခနော်ခနဲ့ စင်ရှေ့မှာလည်း လိုက်ဖက်ညီစွာ ခနော်ခနဲ့ ခုံတန်းတစ်ခု
ရှိသည်။ ထမင်းဆိုင် အပြင်အဆင်က ဒါပါပဲ။ မလှမ်းမကမ်းမှာ အမှိုက်ပုံရှိသည်။ ဇရပ်ဟောင်း တစ်ဆောင်
ရှိသည်။ ခပ်လှမ်းလှမ်းမှာစာင်းတန်းတစ်သွယ် ရှိသည်။ အမှိုက်ပုံမှာက ဘုရားစင်အဟောင်းများ၊
စာင်းတန်းဈးဆိုင်များမှ အမှိုက်များ မကြာမကြာ လာပစ်ကြသည်။ ထို့ကြောင့် အနားမှာ
ပီနံအိတ်ဟောင်းကြီးများ လွယ်ထားသည့် ပလပ်စတစ်ကောက်သူ ကလေးငယ် သုံးလေးဦးကလည်း
အမြဲရှိသည်။ ဇရပ်ဟောင်း တစ်ဆောင်ထဲမှာ ကျူးကျော်မိသားစု၊ သို့မဟုတ် အခြေအနေမဲ့ မိသားတစ်စု
ခတ္တတည်းခိုနေဟန် ရှိ၏။ ထိုမိသားစု၏ ဘုစုခရု ကလေးငယ်တွေက ထမင်းဆိုင်နှင့် ဇရပ်ကြားမှာ
ပးလွှားဆော့ ကစားနေကြသည်။ အပျိုပေါက်အရွယ် ကလေးမလေးက လွဲလို့ ကျန်ကလေးတွေမှာ

လက်ပြတ်စွပ်ကျယ် တိုနံ့နံ့(သို့မဟုတ်) အဆမတန်သော ကြီးမားရှည်လျား လက်စက စွပ်ကျယ် (သို့မဟုတ်)
အင်္ကျီတုံးလုံးလေးများနှင့် သူချည်းသာ..။ တူညီတာတစ်ခုက ဗိုက်ပူနံကား..။
ထိုထမင်းဆိုင်ကလေးသို့ ကျွန်တော့် မိတ်ဆွေတစ်ယောက်နှင့် အမှတ်မထင်ရာက်သွား၏။
မိတ်ဆွေက ဘုရားကြီးစာင်းတန်းထဲမှာ ကြီးပြင်းလာသူ မဟုတ်ပါလား။ ကျွန်တော်ကတော့
အင်မတန် ဇီဇာကြောင်လှသူ လုံးဝ မဟုတ်သာ်လည်း နည်းနည်းတော့ ဟိတ်ဟန် ထုတ်တတ်သူမို့
ထိုထမင်းဆိုင်လေးမှာ ထမင်းဝင်စားဖို့ ကိစ္စကို တွန့်ဆုတ်နေမိသည်။ သို့သော် မိတ်ဆွေက
အသက်ခပ်ကြီးကြီး ခပ်ပိန်ပိန် ထမင်းဆိုင်ပိုင်ရှင် အဘွားကြီးနှင့် ရင်းနှီးနသောကြောင့် ခုံတန်းရှည်မှာ
ချက်ချင်းဝင်ထိုင်ကာ ထမင်းနှစ်ပွဲ မှာလိုက်တော့ ကျွန်တော့်မှာ ချးးများချိန် မရတော့…။
''အောင်မယ်လေးမာင်စိုးဝင်းသန်းရယ်၊ အခုမှပါ်လာတော့တယ်။ အခု
မင်းအမေတွေနဲ့ မြို့သစ် လိုက်မနေဘူးဆို..၊ မြို့ထဲမှာ အခန်းငှားနေတယ် ကြားပါတယ်။
မင်းအစ်မကတော့န့တိုင်း ထမင်းလာစားတယ်ကွဲ့'' ဟု မိတ်ဆွေကိုပာကာ ကျွန်တော့်ဘက်
လှည့်ပြီး…။
''သားလေးက ဘာဟင်းနဲ့ စားမှာလဲ''ဟု ချိုသာစွာမးသည်။ ထို့နောက် ဒန်အိုးတစ်လုံးကို
အဖုံးဖွင့်ကာ အနားက ဇလုံနှစ်လုံးယူပြီး ထမင်းတွေကို လက်နှင့် အားပါးတရ ဆုပ်ပြီး ထည့်၏။
''ဟင်းက အမဲသားဆီပြန်ရှိတယ်။ ပုစွန်ဆိတ်လေးတွေ ချက်ထားတယ်။ ရှားရှားပါးပါး မန္တလေး
ငါးပတ်ရလို့ အချဉ် ချက်ထားတယ်ကွဲ့၊ ဘာထည့်ရမလဲ''ဟုမးသည်။ မိတ်ဆွေက မန္တလေးငါးပတ်ဟင်း မှာ၏။
ကျွန်တော်က ပုစွန်ဆိတ် မှာသည်။ ထမင်းဇလုံထဲသို့ ငါးပတ်အသားတစ်ကြီး တစ်တစ်၊ ငါးပတ်ခေါင်း
တစ်ခေါင်းကို ဆီပြန်နေသည့် အနှစ်များများ ဆမ်းထည့်လိုက်သည်။ ထို့နောက် ကြက်သွန်အနီနှင့်ကြာ်ကာ
ကြက်သွန်ဖြူလေး အုပ်ထားသည့်ထာပတ်ပဲကြော်တွေကာ်ထည့်ပေးသည်။
ဆီရွှဲရွှဲဆမ်းထားသော ငရုတ်သီးထောင်း ခပ်ရဲရဲကိုလည်းကာ်ထည့် လိုက်၏။ ကျွန်တော့်
ဇလုံထဲကိုတော့ခါင်းချိုးထားသော ပုစွန်ဆိတ်လေးတွေကို ခရမ်းချဉ်သီး အနှစ်များများ၊ ငရုတ်သီးစိမ်း
ထက်ခြမ်းခွဲင်းချင်းနှင့် အပြည့်ကြီး ပုံပေးသည်။ ထို့နောက်ထာပတ်ပဲကြော်၊
ငရုတ်သီးထောင်း။ ကုလားပဲလေး ခတ်ထားပြီး မဆလာနံ့သင်းသင်း သီးစုံချဉ်ရည်ကိုတော့ မီးဖိုပေါ်က

မအိုးထဲမှတ်ခမ်းပဲ့နေသော ဇလုံသေးသေးလးထဲ ထည့်ကာ ရှားပါးလှသည့်ကြးဇွန်းကြီး
တစ်ချောင်းစိုက်၍ ကျွန်တော်တို့ရှေ့ လာချပေးသည်။ အငွေ့ တထောင်းထောင်း..။
တကယ်တော့ ကျွန်တော်တို့ ထမင်းဝိုင်းက ဆိုင်မှာ စားရတာနှင့်မတူ။ ရွာက အမျိုးအိမ်မှာ
မြို့မှရောက်ခိုက်ကျွးမွေးဧည့်ခံသည့် ထမင်းဝိုင်းနှင့် တူနေ၏။ မလှမ်းမကမ်း အမှိုက်ပုံမှ
ပုပ်အဲ့အဲ့အနံ့နှင့် ယပ်တစ်ချောင်းနှင့် ယင်မောင်းရသည်ကို သတိမရတော့ဘဲ ဇလုံထဲက ထမင်းနှင့်ဟင်းကို
အားပါးတရ နယ်ကာဖတ်ကာ ခါင်းမဖော်တမ်း စားကြသည်။
“ ဟဲ့မ့လို့၊ အမဲသားဟင်းပးဦးမယ်” ဟု ဆိုကာရှ့ရှိဒယ်အိုးတစ်လုံး ဖွင့်ပြီး ဇွန်းဖြင့်
ကာ်သည်။မင်ဖူးကြမှာပေါ့။ဈးများတွင် အမဲသား အတိုအစတွေကို လင်ပန်းထဲမှာ
ယင်တလောင်းလောင်းနှင့်ရာင်းနေတာမင်ဖူးကြမှာပေါ့။ အသားရော၊ အကြောရော၊
အရိုးနုရောဘးထွက် ပစ္စည်းအတိုအစတွေဖစ်၏။ ထိုသို့သော အမဲသားကို ပုန်းရည်ကြီးနှင့်
ရာချက်ထားသည့် ဟင်းကို ဇွန်းဖြင့်ကော်ကာ ကျွန်တော်တို့ ဇလုံထဲကာ်ထည့်ပေးပြန်သည်။
ကျွန်တော့် မိတ်ဆွေကတော့ နဂိုကတည်းက အစားနည်းလှသူမို့ထ မင်းဆိုင်ရှင်ကြီး အမဲသားဟင်း
ထည့်ပေးပြီးနောက် သုံးလေးလုတ် စားအပြီး ထမင်းကိုလက်စသတ်လိုက်သည်။ ကျွန်တော်ကတော့
ဆာလောင် မွတ်သိပ်မှုရော၊ စားကောင်းတာရောကြောင့် ဒီဇလုံထဲက ထမင်းကုန်အောင်
လွးလိုက်မယ်ဟု အားခဲကာ သီးစုံချဉ်ရည် တရှူးရှူးသာက်လိုက်၊ ထမင်းလုတ် ပါးစပ်သွတ်လိုက်နှင့် အငမ်းမရ
ဖစ်နေချိန် ကျွန်တော်မစားသော အမဲသားဟင်းက ဇလုံထဲ မပြောမဆရာက်လာတော့
ဒုက္ခရောက်သွား၏။ ချက်ချင်း ရပ်ပစ်လိုက်ရမှာ အားနာတာထက် ဆာနေသေးသောကြောင့် အမဲသားဟင်း
မရောက်သည့်ဘက်က ထမင်းကို အနည်းငယ် ဆက်စားပြီး လက်စသတ်လိုက်ရသည်။
ထို့နောက် လက်ဆေးစရာက ခုံအောက်အင်တုံကြီးထဲကရပဲရှိတာမို့
ဟင်းရည်ဝေ့နေသော အင်တုံထဲ လက်နှိုက်ဆေးပြီး ဇရပ်တိုင်မှာ ချည်ထားသော ပုဆိုးဟောင်းတစ်ထည်ကို
လက်သုတ်ကာ အနားကသာက်ရေအိုးဆီကရတစ်ခွက်ဖြင့် ဗိုက်ဖြည့်လိုက်ရသည်။ ကျွန်တော်တို့
စ်ယောက်စားသော ဇလုံနှစ်လုံးထဲမှာ ထမင်းနှင့်ဟင်းတွေ ထက်ဝက်ကျော် ကျန်နေသေး၏။
မြောက်စောင်းတန်းက ထမင်းဆိုင်

ထိုနေရာရောက်တိုင်း စိတ်ထဲဝယ် နင့်ကနဲခံစားခဲ့ရသည့်ဖြစ်ရပ်ကိုလည်း မမေ့ရပါချေ။
ထမင်းဆိုင်လေး တစ်ဆိုင်မှာဖြစ်၏။ ထမင်းဆိုင်ကလေးက ထိုအနားလေးမှာပင် ရှိခဲ့ဖူးသည်။
မဟာမုနိဘုရားကြီး မြောက်စောင်းတန်း ခါးပြတ်၏ အနောက်ဖက်နား ဆိုကြပါစို့။
××××× ×××××
တကယ်တော့ ထမင်းဆိုင်ဟု ဆိုသော်လည်း စားပွဲနှင့် ကုလားထိုင်နှင့် ကျကျနနမဟုတ်။ စတီးဇလုံကြီးများ ကြွေရည်သုတ် ထမင်းအုပ်များ၊ ဝင်းလက်တောက်ပ ဒန်အိုးကြီးများနှင့် ခမ်းခမ်းနားနားမဟုတ်။ ထမင်းဆိုင်လေးက ဇရပ်လေးတစ်ဆောင်၏ အဖီလေးထဲမှာ ရှိသည်။ ထမင်းဆိုင်ပုံစံထက် အိမ်ငှားတစ်ဦး၏ မီးဖိုချောင်လေးနှင့် ပို၍တူပါသည်။ မီးခိုးတအူအူ ထင်းမီးဖို၏ ဖိုခနောက်ပေါ်မှာ အိုးမည်းနှင့် ဆီချေးညှိတက်နေသော မြေအိုးသုံးလုံး ရှိသည်။ သူ့အိုးနှင့် သူ့စလောင်း အံမဝင်သော အိုးဖုံးတွေကလည်း ဆီချေးအထပ်ထပ်။ ခနော်ခနဲ့ စင်ကလေးပေါ်မှာ မီးဖိုပေါ်က မြေအိုးများထက် အိုးမည်းနှင့် ဆီချေး အနည်းငယ် နည်းသည့် ဒန်အိုးသုံးလုံးလောက်ရှိသည်။ ထိုဒန်အိုးများကလည်း ထုံးစံအတိုင်း သူ့အိုးနှင့် သူ့အဖုံးမဟုတ်တာ သေချာ၏။ အိုးဖုံးများက လ မျက်နှာပြင်လို ခွက်တာခွက် မှောက်တာမှောက် ၊ ထိုအိုးဖုံးပေါ်မှာ လက်ကိုင်မဲ့ ဟင်းခတ်ဇွန်းကြီးရှိသည်။ ပြီးတော့ ဇလုံ သုံးလေးလုံးရှိမည်။ စင်အောက်ခြေမှာ ထမင်းလုံး၊ ဟင်းဖတ်များနှင့် ဆီဝေ့နေသည့် အင်တုံကြီးတစ်လုံးရှိမည်။ ဒန်အိုးတွေ တင်ထားသည့် ခနော်ခနဲ့ စင်ရှေ့မှာလည်း လိုက်ဖက်ညီစွာ ခနော်ခနဲ့ ခုံတန်းတစ်ခု ရှိသည်။ ထမင်းဆိုင် အပြင်အဆင်က ဒါပါပဲ။

မလှမ်းမကမ်းမှာ အမှိုက်ပုံရှိသည်။ ဇရပ်ဟောင်း တစ်ဆောင်ရှိသည်။ ခပ်လှမ်းလှမ်းမှာ စောင်းတန်းတစ်သွယ် ရှိသည်။ အမှိုက်ပုံမှာက ဘုရားစင်အဟောင်းများ၊စောင်းတန်း ဈေးဆိုင်များမှ အမှိုက်များ မကြာမကြာ လာပစ်ကြသည်။ ထို့ကြောင့် အနားမှာ ပီနံအိတ်ဟောင်းကြီးများ လွယ်ထားသည့် ပလပ်စတစ်ကောက်သူ ကလေးငယ် သုံးလေးဦးကလည်း အမြဲရှိသည်။ ဇရပ်ဟောင်း တစ်ဆောင်ထဲမှာ ကျူးကျော်မိသားစု၊ သို့မဟုတ် အခြေအနေမဲ့ မိသားတစ်စု ခေတ္တတည်းခိုနေဟန် ရှိ၏။ ထိုမိသားစု၏ ဘုစုခရု ကလေးငယ်တွေက ထမင်းဆိုင်နှင့် ဇရပ်ကြားမှာ ပြေးလွှားဆော့ ကစားနေကြသည်။ အပျိုပေါက်အရွယ် ကလေးမလေးက လွဲလို့ ကျန်ကလေးတွေမှာ လက်ပြတ်စွပ်ကျယ် တိုနံ့နံ့(သို့မဟုတ်) အဆမတန်သော ကြီးမားရှည်လျား လက်စက စွပ်ကျယ် (သို့မဟုတ်) အင်္ကျီတုံးလုံးလေးများနှင့် သူချည်းသာ..။ တူညီတာတစ်ခုက ဗိုက်ပူနံကား..။

ထိုထမင်းဆိုင်ကလေးသို့ ကျွန်တော့် မိတ်ဆွေတစ်ယောက်နှင့် အမှတ်မထင်ရာက်သွား၏။
မိတ်ဆွေက ဘုရားကြီးစာင်းတန်းထဲမှာ ကြီးပြင်းလာသူ မဟုတ်ပါလား။ ကျွန်တော်ကတော့
အင်မတန် ဇီဇာကြောင်လှသူ လုံးဝ မဟုတ်သော်လည်း နည်းနည်းတော့ ဟိတ်ဟန် ထုတ်တတ်သူမို့
ထိုထမင်းဆိုင်လေးမှာ ထမင်းဝင်စားဖို့ ကိစ္စကို တွန့်ဆုတ်နေမိသည်။ သို့သော် မိတ်ဆွေက
အသက်ခပ်ကြီးကြီး ခပ်ပိန်ပိန် ထမင်းဆိုင်ပိုင်ရှင် အဘွားကြီးနှင့် ရင်းနှီးနေသောကြောင့် ခုံတန်းရှည်မှာ ချက်ချင်းဝင်ထိုင်ကာ ထမင်းနှစ်ပွဲ မှာလိုက်တော့ ကျွန်တော့်မှာ ချေးများချိန် မရတော့…။
“အောင်မယ်လေး မောင်စိုးဝင်းသန်းရယ်၊ အခုမှ ပေါ်လာတော့တယ်။ အခု မင်းအမေတွေနဲ့ မြို့သစ် လိုက်မနေဘူးဆို..၊ မြို့ထဲမှာ အခန်းငှားနေတယ် ကြားပါတယ်။ မင်းအစ်မကတော့ နေ့တိုင်း ထမင်းလာစားတယ်ကွဲ့”ဟု မိတ်ဆွေကိုပြောကာ ကျွန်တော့်ဘက် လှည့်ပြီး…။
“သားလေးက ဘာဟင်းနဲ့ စားမှာလဲ”ဟု ချိုသာစွာမေးသည်။ ထို့နောက် ဒန်အိုးတစ်လုံးကို အဖုံးဖွင့်ကာ အနားက ဇလုံနှစ်လုံးယူပြီး ထမင်းတွေကို လက်နှင့် အားပါးတရ ဆုပ်ပြီး ထည့်၏။
” ဟင်းက အမဲသားဆီပြန်ရှိတယ်။ ပုစွန်ဆိတ်လေးတွေ ချက်ထားတယ်။ ရှားရှားပါးပါး မန္တလေး ငါးပတ်ရလို့ အချဉ် ချက်ထားတယ်ကွဲ့၊ ဘာထည့်ရမလဲ”ဟု မေးသည်။ မိတ်ဆွေက မန္တလေးငါးပတ်ဟင်း မှာ၏။ ကျွန်တော်က ပုစွန်ဆိတ် မှာသည်။ ထမင်းဇလုံထဲသို့ ငါးပတ်အသားတစ်ကြီး တစ်တစ်၊ ငါးပတ်ခေါင်းတစ်ခေါင်းကို ဆီပြန်နေသည့် အနှစ်များများ ဆမ်းထည့်လိုက်သည်။ ထို့နောက် ကြက်သွန်အနီနှင့်ကြော်ကာ ကြက်သွန်ဖြူလေး အုပ်ထားသည့် ထောပတ်ပဲကြော်တွေ ကော်ထည့်ပေးသည်။ ဆီရွှဲရွှဲဆမ်းထားသော ငရုတ်သီးထောင်း ခပ်ရဲရဲကိုလည်းကော်ထည့် လိုက်၏။ ကျွန်တော့် ဇလုံထဲကိုတော့ ခေါင်းချိုးထားသော ပုစွန်ဆိတ်လေးတွေကို ခရမ်းချဉ်သီး အနှစ်များများ၊ ငရုတ်သီးစိမ်း ထက်ခြမ်းခွဲနှင်းချင်းနှင့် အပြည့်ကြီး ပုံပေးသည်။ ထို့နောက် ထောပတ်ပဲကြော်၊ ငရုတ်သီးထောင်း။ ကုလားပဲလေး ခတ်ထားပြီး မဆလာနံ့သင်းသင်း သီးစုံချဉ်ရည်ကိုတော့ မီးဖိုပေါ်က မြေအိုးထဲမှ နုတ်ခမ်းပဲ့နေသော ဇလုံသေးသေးလးထဲ ထည့်ကာ ရှားပါးလှသည့် ကြေးဇွန်းကြီးတစ်ချောင်းစိုက်၍ ကျွန်တော်တို့ရှေ့ လာချပေးသည်။ အငွေ့ တထောင်းထောင်း..။

တကယ်တော့ ကျွန်တော်တို့ ထမင်းဝိုင်းက ဆိုင်မှာ စားရတာနှင့်မတူ။ ရွာက အမျိုးအိမ်မှာ မြို့မှရောက်ခိုက် ကျွေးမွေးဧည့်ခံသည့် ထမင်းဝိုင်းနှင့် တူနေ၏။ မလှမ်းမကမ်း အမှိုက်ပုံမှ ပုပ်အဲ့အဲ့အနံ့နှင့် ယပ်တစ်ချောင်းနှင့် ယင်မောင်းရသည်ကို သတိမရတော့ဘဲ ဇလုံထဲက ထမင်းနှင့်ဟင်းကို အားပါးတရ နယ်ကာဖတ်ကာ ခေါင်းမဖော်တမ်း စားကြသည်။
“ ဟဲ့ မေ့လို့၊ အမဲသားဟင်းပးဦးမယ်” ဟု ဆိုကာ ရှေ့ရှိ ဒယ်အိုးတစ်လုံး ဖွင့်ပြီး ဇွန်းဖြင့် ကော်သည်။မြင်ဖူးကြမှာပေါ့။ ဈေးများတွင် အမဲသား အတိုအစတွေကို လင်ပန်းထဲမှာ ယင်တလောင်းလောင်းနှင့် ရောင်းနေတာ မြင်ဖူးကြမှာပေါ့။ အသားရော၊ အကြောရော၊ အရိုးနုရော ဘေးထွက် ပစ္စည်းအတိုအစတွေဖြစ်၏။ ထိုသို့သော အမဲသားကို ပုန်းရည်ကြီးနှင့် ရောချက်ထားသည့် ဟင်းကို ဇွန်းဖြင့်ကော်ကာ ကျွန်တော်တို့ ဇလုံထဲ ကော်ထည့်ပေးပြန်သည်။

ကျွန်တော့် မိတ်ဆွေကတော့ နဂိုကတည်းက အစားနည်းလှသူမို့ ထမင်းဆိုင်ရှင်ကြီး အမဲသားဟင်း ထည့်ပေးပြီးနောက် သုံးလေးလုတ် စားအပြီး ထမင်းကို လက်စသတ်လိုက်သည်။ ကျွန်တော်ကတော့ ဆာလောင်မွတ်သိပ်မှုရော၊ စားကောင်းတာရောကြောင့် ဒီဇလုံထဲက ထမင်းကုန်အောင် လွေးလိုက်မယ်ဟု အားခဲကာ သီးစုံချဉ်ရည် တရှူးရှူးသာက်လိုက်၊ ထမင်းလုတ် ပါးစပ်သွတ်လိုက်နှင့် အငမ်းမရဖြစ်နေချိန် ကျွန်တော်မစားသော အမဲသားဟင်းက ဇလုံထဲ မပြောမဆ ရောက်လာတော့ ဒုက္ခရောက်သွား၏။ ချက်ချင်း ရပ်ပစ်လိုက်ရမှာ အားနာတာထက် ဆာနေသေးသောကြောင့် အမဲသားဟင်း မရောက်သည့်ဘက်က ထမင်းကို အနည်းငယ် ဆက်စားပြီး လက်စသတ်လိုက်ရသည်။

ထို့နောက် လက်ဆေးစရာက ခုံအောက်အင်တုံကြီးထဲက ရေပဲရှိတာမို့ ဟင်းရည်ဝေ့နေသော အင်တုံထဲ လက်နှိုက်ဆေးပြီး ဇရပ်တိုင်မှာ ချည်ထားသော ပုဆိုးဟောင်းတစ်ထည်ကို လက်သုတ်ကာ အနားက သောက်ရေအိုးဆီကရေတစ်ခွက်ဖြင့် ဗိုက်ဖြည့်လိုက်ရသည်။ ကျွန်တော်တို့ နှစ်ယောက်စားသော ဇလုံနှစ်လုံးထဲမှာ ထမင်းနှင့်ဟင်းတွေ ထက်ဝက်ကျော် ကျန်နေသေး၏။ ထမင်းဟင်းကျန်များကို စွန့်ပစ်၍ ဇလုံများကို စောစောက တစ်လုံးတည်းရှိသော အင်တုံထဲတွင် လက်စစ်ဖတ်နှင့်ဆေးမည်ဟု ထင်ပါသလား။ ကျွန်တော်တို့ကလည်း ထမင်းဖိုး ကျသင့်ငွေချေပြီး ပြန်ကြဖို့ပဲဖြစ်ပါ၏။ သို့သော် ထိုအစီအစဉ်အတိုင်း မဟုတ်တော့။ ကျွန်တော့်မိတ်ဆွေကို ထမင်းဆိုင်ရှင် အဘွားကြီးက ကြုံတုန်းကြုံခိုက် အလကားကျွေးတာပါဟု ဆိုကာ ပိုက်ဆံပေးတာ ငြင်းနေပြန်၏။ နောက် ဇွတ်ပေးလေမှ ထမင်းဖိုး တစ်ပွဲငါးဆယ် (၁၉၉၀ ဝန်းကျင်က)နှင့် ငွေတစ်ရာယူလိုက်သည်။ ကျွန်တော့်မိတ်ဆွေနှင့် ထမင်းဆိုင်ရှင်တို့ ပိုက်ဆံမယူဘူး ယူရဲ့နှင့် ငြင်းခုံနေ၍လည်း လက်ကျန်ထမင်းများကိစ္စကို ကျွန်တော်တွေ့မြင်ကာ ခံစားရပြီး ယခုကဲ့သို့ ပြန်လည် သတိရမိခြင်းလည်း ဖြစ်ပါ၏။

လက်ကျန် ထမင်းဇလုံထဲမှ ထမင်းဟင်းကျန်များကို ဇလုံတစ်လုံးထဲ ပေါင်းထည့်သည်။ ထို့နောက် ဒန်အိုးကြီးထဲက ထမင်းအနည်းငယ်အား ထိုဇလုံထဲ ထပ်ထည့်၏။ ထို့နောက် လက်နှင့် အားရပါးရ နယ်သည်။ ချဉ်ရည်ပန်းကန်ထဲမှ ချဉ်ရည်ကို အဖတ်တွေချည်း ရွေးကာ ဆယ်ပြီး ဇလုံထဲ ထည့်ပြန်သည်။ ထို့နောက် နယ်ပြန်သည်။ နောက် ဒန်အိုးတစ်လုံး ဖွင့်ပြီး ပုန်းရည်ကြီးနှင့် ချက်ထားသည့် အမဲသားဖတ် လေးငါးဖတ် ဆယ်ပြန်သည်။ ထို့နောက် အားပါးတရ နယ်ဖတ်၏။ ကျွန်တော့် မိတ်ဆွေကတော့ အဘွားကြီးမေးသမျှ စကားတွေ ဖြေနေရသောကြောင့် သတိထားမိမှာ မဟုတ်သော်လည်း ကျွန်တော်ကတော့ အံ့အားတသင့် ဖြစ်နေမိသည်။ သူဘာလုပ်မည်နည်း။ ထမင်းဇလုံ တစ်လုံးလုံးကို အားပါးတရ နယ်ဖတ်ပြီးသောအခါ နောက်ဘက်သို့ လှည့်၍ ဇရပ်ကလေးအနီး ဆော့ကစားနေကြသော ကလေးများဆီ လှမ်း၍…
” ဟဲ့ ထမင်းစားရင် ပန်းကန်တစ်ချပ်စီ ယူပြီး လာခဲ့ကြ။ မနေ့ညက နင်တို့အဖေပြန်မလာဘူး မဟုတ်လား…။လောလောဆယ် ဒါပဲဝေစားနှင့်ကြဦး”ဟု အော်သည်။

ဆော့နေသော ကလေးတွေ အဆော့ရပ်ကာ ဟေးခနဲအော်ပြီး ဇရပ်ထဲက သံပန်းကန်ပြားလေးတွေ ဆွဲကာပြေးထွက်လာကြ၏။ အဘွားကြီးက ဇလုံထဲက ထမင်းတွေကို ကလေးတွေ ပန်းကန်ပြားထဲ ခွဲဝေထည့်ပေးသည်။ “ ကဲ.. မထူးပါဘူးဟယ်” ဟုပြောပြီး လက်ကျန် ချဉ်ရည်များကိုလည်း သံပန်းကန်လေးတွေထဲ လောင်းထည့်ပေးလိုက်ပြန်၏။ အဘွားကြီးက သူလုပ်ကိုင်နေသမျှအပေါ် အာရုံစိုက်နေသော ကျွန်တော့်အား “ ထမင်းဟင်းတွေ ကျန်နေပြီး
ပစ်ရမယ့် အတူတူ ကုသိုလ်ရတာပေါ့ ငါ့သားရယ်။ ဘုရားကြီးနားနေပြီး အမေလည်း သူများပိုက်ဆံနဲ့
ကုသိုလ်ယူနေရတာပေါ့” ဟု ပြောကာ ရယ်မောနေ၏။ ကျွန်တော်ကတော့ အဘွားကြီး၏ လုပ်ရပ်နှင့်စေတနာကို သဘောပေါက်စွာဖြင့် သာဓုခေါ်မိပါ၏။

ထိုကလေးများကား အဘွားကြီး မြေးတွေလည်းဖြစ်ချင်ဖြစ်မည်။ ဆွေးမျိုးနီးစပ်လည်း ဖြစ်ချင်ဖြစ်မည်။ သို့မဟုတ်က ဘာမျှ သွေးမတော် သားမစပ်လည်း ဖြစ်ချင်ဖြစ်မည်။ အကယ်၍ ထိုဇရပ်ကလေးမှာ ခေတ္တနားခိုကြသည့် မိသားစုတွေ ပြောင်းသွားလျှင်လည်း အဘွားကြီးမှာ ကျွေးစရာကလေးတွေ ထပ်မံ ရှိပါလိမ့်မည်။ ဘာပဲပြောပြော စေတနာက ပြဋ္ဌာန်းပြီးသားဟု ပြောရမှာ ဖြစ်၏။

ထို့နောက် ကျွန်တော်သည် ကျွန်တော့်မိတ်ဆွေမပါဘဲ ထိုနေရာဘက် အမှတ်မထင်ရာက်လျှင်
အဘွားကြီး ထမင်းဆိုင်လေးဘေး ကလေးများဆာ့ကစားနေသည်ကို မြင်လျှင် မဆာသော်လည်း
ထမင်းတစ်ပွဲ ဝင်စားဖြစ်သည်။ သန့်သန့်ကလေး တစ်လုတ်နှစ်လုတ်လောက် စားပြီး လက်စသတ်ခဲ့သည်ချည်းဖြစ်သည်။ ပထမတစ်ခါတော့ အဘွားကြီး က “ ဟဲ့ သားရဲ့ ဟင်းမကြိုက်လို့လား၊ ငါးသလဲထိုးခြောက် ချက်လေး ထပ်ထည့်ပါဦးလား”စသည်ဖြင့် မေးတတ်သည်။ နောက်တော့ မမေးတော့။ ရန်ကုန်ပြောင်းသွားသော ကျွန်တော့်မိတ်ဆွေအကြောင်း၊ ဝယ်ရခြမ်းရသည့် ဈေးနှုန်းများအကြောင်းကိုသာပြောပြီး ကျွန်တော် တို့ကာပင့်ကာ စားကျန်သည့် ဇလုံကို ယူကာ ထုံးစံအတိုင်း အနားရှိ ကလေးတွေကို နယ်ဖတ် ဝေခြမ်းတော့သည်။
××××× ××××××

ထမင်းဆိုင်နှင့် မတူသော ထမင်းဆိုင်လေးသို့ ကျွန်တော်လည်း သုံးလေးခေါက်အပြင် မရောက်ဖြစ်တော့။ ဆယ့်လေးငါးနှစ်ပင် ကြာပေါ့။

#VoiceofMyanamr #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW