ကလေးတွေသေဆုံးမှုကြောင့် Maiden ဆေးကုမ္ပဏီရဲ့ ချောင်းဆိုးပျောက်ဆေးထုတ်လုပ်မှု ရပ်ဆိုင်းဖို့ အိန္ဒိယအာဏာပိုင်တွေ အမိန့်ထုတ်

ဒေလီ၊ အောက်တိုဘာ-၁၃-၂၀၂၂
မျိုးဆက်(VOM)

အာဖရိကရှိ ဂမ်ဘီယာနိုင်ငံမှာ ကလေးငယ်များသေဆုံးမှုနဲ့ ဆက်နွယ်နေတဲ့ ချောင်းဆိုးပျောက်ဆေးထုတ်လုပ်တဲ့ အိန္ဒိယဆေးကုမ္ပဏီကို အဲဒီဆေးတွေ ထုတ်လုပ်မှုရပ်ဆိုင်းဖို့ အိန္ဒိယကျန်းမာရေးတာ၀န်ရှိသူတွေက အောက်တိုဘာ ၁၃ ရက်မှာ အမ်ိန့်ထုတ်လိုက်ပါတယ်။

အိန္ဒိယအခြေစိုက် Maidenဆေးဝါးကုမ္ပဏီရဲ့ချောင်းဆိုးပျောက်ဆေးလေးမျိုးဟာ ဂမ်ဘီယာနိုင်ငံမှာ မကြာသေးမီလတွေအတွင်းက ကျောက်ကပ်ပျက်စီးပြီး ကလေးငယ် ၇၀ နီးပါးသေဆုံးမှုနဲ့ ဆက်နွယ်မှုရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်ပြီးနောက်မှာ အခုလိုက် အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတိပေးချက်ထုတ်ပြန်ထားတဲ့ ချောင်းဆိုးပျောက်ဆေးလေးမျိုးကတော့ Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup and Magrip N Cold Syrup တို့ဖြစ်ပါတယ်။

Maiden ဆေးဝါးကုမ္ပဏီဟာ ထုတ်လုပ်မှုနဲ့ စမ်းသပ်မှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ အိန္ဒိယကျန်းမာရေးအာဏာပိုင်တွေကပြောပါတယ်။

လက်ရှိမှာ အဲဒီချောင်းဆိုပျောက်ဆေးတွေနဲ့ပတ်သက်ပြီး ဂမ်ဘီယာနဲ့ အိန္ဒိယနိုင်ငံတို့မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

အဲဒီချောင်းဆိုးပျောက်ဆေးတွေဟာ ဂမ်ဘီယာနိုင်ငံအပြင် အခြားသောနိုင်ငံနဲ့ဒေသတွေကို တရားမ၀င်စျေးကွက်တွေကတဆင့် ဖြန့်ဖြူးနေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။

Ref: BBC
Photo:NDTV
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW