ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင် ထောင်ဆယ်နှစ် ချမှတ်ခံရ

အောက်တိုဘာ ၁၃-၂၀၂၂
Voice Of Myanmar(VOM)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင် သမ္မတရုံး၊ လုံခြုံရေးဌာနကြီး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးကို ဒီကနေ့အောက်တိုဘာ ၁၃ ရက်မှာ ထောင် ဆယ်နှစ်ချခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက သိရပါတယ်။

နေပြည်တော် အထူးတရားရုံးကနေ နိုင်ငံတော်လျှို့ဝှက်ချက်အက်နဲ့ အမိန့်ချခဲ့တာဖြစ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုထပ်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အများစုမှာ လိုက်ပါခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့် ဒေါ်ချယ်ရီထက်ရဲ့ အထက်အရာရှိလည်း ဖြစ်ပါတယ်။ ဦးအောင်နိုင်ဦးကို မနှစ်က အောက်တိုဘာမှာဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်နှစ်အကြာမှာ အခုလိုအမိန့်ချခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးအဖွဲ့ခေါင်းဆောင် #ဦးအောင်နိုင်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW