ကျိုက်ထီးရိုးတောင်တက်ဂိတ် ပစ်ခတ်မှုဖြစ်စဥ်ကြောင့် ထိုင်းကနေ လာရောက်မယ့် ဘုရားဖူးခရီးစဥ်တွေ ဖျက်သိမ်း

အောက်တိုဘာ ၁၄ – ၂၀၂၂
SN (VOM)

အောက်တိုဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ပစ်ခတ်မှုဖြစ်စဥ်​ကြောင့် ထိုင်းခရီးသွားတွေအနေနဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်ကို ဖျက်သိမ်းမူတွေရှိနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

အဲ့ဒီ့ ကျိုက်ထီးရိုး တောင်တက်ကားဂိတ် ပစ်ခတ်မှုဖြစ်စဉ်မှာ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ထိုင်းခရီးသွားတွေက ကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်ကို မဖြစ်မနေသွားလေ့ရှိတယ်။ ဒါပေမယ့် ဒီဖြစ်စဥ်ကြောင့် အောက်တိုဘာလအစမှာ ခရီးသွားကုမ္ပဏီတွေက ရောင်းထားတဲ့ ထိုင်းဘက်က ဘုရားဖူးမယ့်ခရီးစဥ်တွေ ဖျက်သိမ်းခံလိုက်ရပါတယ်။ ခရီးသွားလုပ်ငန်းအတွက်တော့ ဒီဖြစ်စဥ်ဟာ image တစ်ခုအထိပါ ထိခိုက်သွားတာပါ”လို့ ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ပြည်ပခရီးသွားဝင်ရောက်မှုဟာ လက်ရှိမှာ သုညရာခိုင်းနှုန်းသာရှိပြီး ပြည်တွင်း ပဋိပက္ခအခြေနေတွေကြောင့် ခရီးစဥ်ရေးဆွဲရာမှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

“နယ်မြေအေးချမ်းတဲ့ နေရာတွေမှာလည်း ပြည်ပခရီးသွားက အနည်းငယ်သာ ရှိပါတယ်။ အခုကိစ္စက ခရီးသွားရာသီအစမှာ လုပ်ငန်းပြန်လည်တိုးတက်ဖို့ အားယူပြင်ဆင်နေတဲ့ မြန်မာ့ခရီးသွားကဏ္ဍအတွက် ဆုံးရှုံးနစ်နာမှုတစ်ခုပါ။ ခရီးသွားရှု့ထောင့်ကပဲကြည့်ကြည့်၊ ဒေသတွင်း စီးပွားရေးအရပဲကြည့်ကြည့်၊ ဘာသာရေးအရပဲဖြစ်ဖြစ် မလုပ်သင့်တဲ့ကိစ္စပါ” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းခရီးသွားတွေ လျော့ကျရခြင်းဟာလည်း မြို့အဝင်ဂိတ်တွေမှာ စစ်ဆေးရေးဂိတ်တွေထားရှိပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် ကားတွေတန်းစီကာ အချိန်အတော်ကြာသည်အထိ စောင့်ဆိုင်းနေရတာတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ပဲခူး၊ ကျိုက်ထီးရိုးတို့ကိုသာ ပြည်ပခရီးသွား အနည်းငယ် ဝင်ရောက်မှုရှိပြီး ခရီးသွားတွေ အများဆုံး စိတ်ဝင်စားမှုရှိတဲ့ နေရာတွေမှာတော့ လုံခြုံရေးအရ ခရီးစဥ်တွေ ရေးဆွဲနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ကျိုက်ထီးရိုးပစ်ခတ်မှု #ထိုင်းကလာမယ့်ခရီးစဥ်

Related posts

Leave a Comment

VOM News

FREE
VIEW