အင်္ဂပူမှာ စာသင်ကျောင်း မီးလောင်မှုဖြစ်ပွားပြီး ငွေကျပ် သိန်း၅၀၀နီးပါး ဆုံးရှုံးခဲ့

အောက်တိုဘာ၊ ၁၆ -၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ငုရွှေဝါလမ်းမှာရှိတဲ့ အခြေခံပညာ အ-ထ-က (အင်္ဂပူ) စာသင်ကျောင်းမှာ ဒီကနေ့ အောက်တိုဘာ ၁၆ ရက်မနက် ၂ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားလို့ ငွေကျပ် သိန်းပေါင်း ၄၉၀ ကျော်တန်ဖိုး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မီးးတ်ဦးစီးဌာနကနေ သိရပါတယ်။

အ-ထ-က (အင်္ဂပူ)စာသင်ကျောင်း Grade-8 (A) ခန်းမှာရှိတဲ့ လျှပ်စစ်မီးပလပ်ခုံဝါယာရှော့ခ်ဖြစ်ကာ စတင် မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်တဲ့ အချိန် ဟာ လူအများ အိပ်နေတဲ့ချိန်ဖြစ်တာကြောင့် ဆုံးရှုံးမှုများသွားတာဖြစ်တယ်လို့ သိရပါတယ်။

”မနက် ၃နာရီခွဲလောက်မှာ မီးငြိမ်းသွားတာ ၊ လူတွေအိပ်နေတဲ့အချိန် မီးစလောင်တာဆိုတော့ မီးလောင် လောင်ချိန် ဘယ်သူမှ မသိလိုက်လို့ မီးလောင်တာများသွားတာ ၊ဆုံးရှုံးတာကလည်းများသွားတယ်။”လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။

မီးလောင်မှုကြောင့် အ-ထ-က (အင်္ဂပူ)စာသင်ကျောင်းအတွင်းက စာသင်ခန်း ၁၇ ခန်း၊ ဘုရားခန်း ၁ ခန်း၊ ကွန်ပျုတာခန်း ၁ ခန်း၊ Language Lab ၁ ခန်း၊ ရုံးခန်း ၁ ခန်း၊ သိပ္ပံခန်း ၂ ခန်း၊ နားနေခန်း ၁ ခန်း၊ စတိုခန်း၂ ခန်းတို့ မီးလောင်ဆုံရှုံးခဲ့ပြီး ဆုံးရှုံးတန်ဖိုး ၄၉၁ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ မီးလောင်မှုကို အင်္ဂပူမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၁ စီး၊ မီးသတ်ယာဉ် ၁ စီး၊ ဟင်္သာတခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁စီး၊ ရေသယ်ယာဉ် ၁ စီး၊ တလုတ္တော်နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ် ၁ စီး၊ ဓမ္ဘီနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ ပန်းတောကြီးနယ် မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ မယ်ဇလီကုန်း နယ်မြေမီးသတ် စခန်းမှ ရေသယ်ယာဉ် ၁ စီး၊ ကွင်းကောက်နယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ ထူးကြီးနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ ညောင်ကြိုး နယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ် ၁ စီးတို့အသုံးပြုကာ ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ စာသင်ကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသား ၊ကျောင်းသူတွေ စာသင်ကြားရေး မပျက်စေဖို့ ခရိုင်နဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ တပ် ၊ ရဲတပ်ဖွဲ့ ၊မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူတွေနဲ့ ဆရာ ၊ဆရာမတွေ အစည်းအဝေးလုပ်ကာ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #အင်္ဂပူ #စာသင်ကျောင်းမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW