ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ၊ ပစ်ခံရချိန် အမျိုးသားတဦးပါဒဏ်ရာရ

အောက်တိုဘာ ၁၇-၂၀၂၂
GG(VOM)

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး သေနတ်နဲ ပစ်ခံရပြီး သေဆုံးမှု ဒီနေ့အောက်တိုဘာ ၁၇ ရက်နေ့ နေ့လယ်ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဝမ်းတွင်းမြို့နယ်က ၊ ထမင်းဆိုင်တဆိုင်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးဟာ ဧည့်သည်တွေနဲ့အတူ ထမင်းစားနေချိန် ဆိုင်အတွင်းကို သေနတ်နဲ့ဝင်ရောက်ပစ်သတ်ခံရတာဖြစ်ပြီး အုပ်ချုပ်ရေးမှူး သေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

” ၁ နာရီလောက်ကဖြစ်တာ၊ အုပ်ချုပ်ရေးမှူး သေတယ်။သူ့နောက်လိုက် တပည့် ဒဏ်ရာရတယ်။ ထမင်းဆိုင်ထဲကိုဝင်ပစ်ခံရတာလို့သိရတယ် “လို့ ဒေသခံ တဦးကပြောပါတယ်။

လက်ရှိမှာ သေဆုံးသူ မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ဒဏ်ရာရရှိသူ အမျိုးသားကို ဆေးရုံကိုပို့ဆောင်ထားပြီး အခင်းဖြစ်တဲ့နေရာမှာလည်း စစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်မိုးဦးဟာ နစကလက်ထက်မှာ အသစ်ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး အသစ်ဖြစ်ကြောင်း ၊ ရဲဘက်ကနေ ရွှေ့ပြောင်းတာဝန်ပေးခံရသူလည်းဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရသိရပါတယ်။

အခုလ အောက်တိုဘာ ၉ ရက် ညပိုင်းကလည်း ဝမ်းတွင်းမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ် စောနိုင်ဦး(ခ)ဗိုလ်စော (ယာယီစခန်းမှူးနှင့်နယ်ထိန်းခေါင်းဆောင်) သေနတ်နဲ့ ၆ ချက် ပစ်သတ်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဝမ်းတွင်း #မြို့အုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW