ဆားတောင်နယ်မှာ ၇ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

အောက်တိုဘာ ၊ ၂၀ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့ ၊ သာဇင်ကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၉ ရက်ညပိုင်းက ၇ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” အသတ်ခံရတာက မိသားစု ၂ စုဖြစ်တယ် ၊ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးအသတ်ခံရတာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ၇ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်လို့ စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” မနေ့ကည ၈ နာရီခွဲ ၉ နာရီဝန်းကျင်မှာ ဆားတောင်နယ် ၊ သာဇင်ကျေးရွာက အိမ်ထောင်စု ၂ စု ၊ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့ လူ ၂၀ က ဖမ်းဆီး ခေါ်ဆောင်သွားပြီး သတ်ဖြတ်တာဖြစ်တယ် ၊ သေဆုံးသူတွေကတော့ ဦးတိုးရွှန် (၆၄)နှစ်၊ သူ့သား ဦးသိန်းမင်းဦး ၄၁ နှစ်နဲ့ သူ့မိန်းမ ဒေါ်နိုင်နိုင်မော် ၄၁ နှစ် ၊ သူတို့မိသားစုက ၃ ဦးဖြစ်တယ် ၊ အဲ့ဒီအပြင် ဦးဝင်းကို (၅၁)နှစ်၊ သူ့မိန်းမ ဒေါ်ငွေခင် (၅၂) နှစ်၊ သမီးဖြစ်သူ မနန်းမြတ်နွယ် (၃၁)နှစ်နဲ့ ခင်ပွန်းဖြစ်သူ ကိုသန်းနိုင်ဌေး တို့ဖြစ်တယ်လို့ ကနဦးသိရတယ် ၊မြေပြင်အခြေအနေကို သွားရောက်စစ်ဆေးနေပါတယ် “လို့ပြောပါတယ်။

ဆားတောင်နယ်ခံ ပရဟိတသမားတယောက်က
” အသတ်ခံရတဲ့ လူ ၇ ယောက်ဟာ ၊ ညက ဖမ်းဆီးခေါ်ဆောင်ခံရတာဖြစ်တယ် ၊ ဒီမနက်မှာ အလောင်းတွေ့ရတယ် ၊ သက်ဆိုင်ရာက ဒီမနက်အထိ အလောင်းလာမကောက်နိုင်သေးဘူး ” လို့ ပြောပါတယ်။

မနေ့က စစ်ကိုင်းတိုင်း၊ တမူးမြို့၊ စော်ဘွား အမှတ် ၁၂ ရပ်ကွက် ၊ နတ်မြင်းဟန်တံတားနားမှာ အမျိုးသမီး ၂ ဦး ပစ်သတ်ခံရတာနဲ့ မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် ဗိုလ်တေဇလမ်းမှာ လူငယ် ၃ ဦး ပစ်သတ်ခံရတာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW