မလေးရှားကို တရားမ၀င်သွားမယ့် မြန်မာ ၃၀ ဦး ထိုင်းနယ်စပ်မှာ အဖမ်းခံရပြန်

 

ဘန်ကောက်၊ အောက်တိုဘာ- ၂၀-၂၀၂၂
မျိုးဆက်(VOM)

မလေးရှားကို တရားမ၀င်သွားမယ့် မြန်မာနိုင်ငံသာ ၃၀ ဦးကို ထိုင်းနိုင်ငံ ရစ်ချဘူရီ မှာရှိတဲ့ ကြံစိုက်ခင်းတခုကနေ အောက်တိုဘာ ၁၈ ရက်မှာ ထိုင်းအာဏာပိုင်တွက ဖမ်းဆီးလိုက်ပါတယ်။

ကြံစိုက်ခင်းထဲမှာ ပုန်းအောင်းနေတဲ့ မြန်မာတွေကို ဒေသခံတဦးက တွေ့ရှိသတင်းပေးခဲ့တာကြောင့် အာဏာပိုင်တွက ဖမ်းဆီးမိခဲ့တာဖြစ်ပြီး အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၄ဦးပါ၀င်ပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ကချနာဘူရီမှာရှိတဲ့ ဖူနမ်ရွန်နယ်စပ်ဂိတ်ကနေ ထိုင်းနိုင်ငံထဲကို ခိုး၀င်ခဲ့တာဖြစ်ပြီး မလေးရှားနယ်စပ်ကို ပို့ပေးမယ့်ကားကို ကြံစိုက်ခင်းထဲကနေ စောင့်နေတာလို့ ဖမ်းမိတဲ့ မြန်မာတွေက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲကို၀င်ဖို့ ပွဲစားကို ဘတ် ၃၅၀၀၀ စီပေးခဲ့ရပြီး ဘတ် ၂၀၀၀၀ ကထိုင်းနိုင်ငံကို ရောက်ရှိဖို့ဖြစ်ပြီး ဘတ် ၁၅၀၀၀ ကတော့ မလေးရှားကိုပို့ဆောင်ခနဲ့ အလုပ်ရှာပေးခဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေကို တရားဥပဒေလုပ်ထုံးလုပ်နည်းတွေအရ ဆက်လက်အရေးယူဖို့ သက်ဆိုင်ရာရဲစခန်းကို လွှဲပြောင်းထားတယ်လို့ ထိုင်းတာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: Bangkok Post
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW