ဟားခါးမြို့မှာ ချင်းပြည်နယ် စာရင်းစစ်ချုပ်ရုံး မီးလောင်

အောက်တိုဘာ ၊ ၂၄ ၊ ၂၀၂၂
SP(VOM)

ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ စျေးဟောင်းရပ်ကွက် ၊ မန်ဘွေလမ်းမှာရှိတဲ့ ပြည်နယ်စာရင်းစစ်ရုံးချုပ်ရုံးဟာ မနေ့ အောက်တိုဘာ ၂၃ ရက် ညပိုင်းက မီးလောင်ခဲ့တယ်လို့ ဟားခါးမြို့ခံတွေဆီက သိရပါတယ်။

” မနေ့ကည ၁၁ နာရီဝန်းကျင်မှာ စာရင်းစစ်ချုပ်ရုံး မီးစလောင်တယ် ၊ ဒီမနက် ၂ နာရီလောက်မှ မီးငြိမ်းသွားတာ ၊ ရုံးအဆောက်အဦ တခုလုံး ပျက်စီးသွားတယ် “လို့ ဟားခါးမြို့ခံ တယောက်က ပြောပါတယ်။

ဟားခါးမြို့နယ် မီးသတ်တပ်ဖွဲ့ရုံး တာဝန်ရှိသူ တယောက်က ” ပြည်နယ် စာရင်းစစ်ရုံးကို မီးပုလင်းတွေ ပစ်ပေါက်ပြီး ရှို့သွားတာဖြစ်တယ် ၊ ရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ရုံးအသုံးအဆောင်ပစ္စည်းတွေနဲ့ ရုံးအဆောက်အတေတွေ ပျက်စီးဆုံးရှုံးကုန်တယ် ၊ မီးငြိမ်းသတ်ချိန် ၃ နာရီကျော်ကြာတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ပြည်နယ် စာရင်းစစ်ရုံးမီးလောင်တာနဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှု ကာလ ခန့်မှန်း တန်ဖိုး စာရင်းကို အခုချိန်အထိ သက်ဆိုင်ရာက ထုတ်ပြန်နိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း အခုလ ၁၅ ရက် မနက် ၃ နာရီဝန်းကျင်က ဟားခါးမြို့ ၊ တာရ်ရပ်ကွက်မှာရှိတဲ့ ဟားခါးခရိုင် မီးသတ်စခန်းဟာလည်း သေနတ်တွေနဲ့ ပစ်ခတ် ၊ မီးရှို့ခံရတဲ့အတွက် မီးသတ်ကား ၂ စီးနဲ့ ရုံးအဆောက်အဦ မီးလောင်ပျက်စီးခဲ့ပါတယ်။

အဲ့ဒီနောက် အောက်တိုဘာ ၁၈ ရက် မနက်အစောပိုင်း ၂ နာရီကလည်း ချင်းပြည်နယ် ဟားခါးမြို့ ၊ မြို့နယ် ထွေ / အုပ်ရုံး နဲ့ ၊ မြို့နယ်စည်ပင်ရုံး မီးရှို့ခံရတာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့မှာရှိတဲ့ မြို့နယ် လဝကရုံးနဲ့ မြို့နယ်သမဝါယရုံးအဆောက်ဦးတွေဟာ အခုလ ၁၂ ရက် ည ၁၂ နာရီဝန်းကျင်က မီးရှို့ခံရပါသေးတယ်။

အခုလဆန်းပိုင်းစလို့ ချင်းပြည်နယ်ထဲက ခရိုင် ၊ မြို့နယ် အဆင့်ရှိတဲ့ ဌာနဆိုင်ရာ ရုံးအဆောက်ဦး ၇ ခုထက်မနည်း မီးရှို့ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ချင်းစာရင်းစစ်ချုပ်ရုံး #မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW