ငါ့သရောက် နယ်မြေရဲစခန်း ပစ်ခတ် တိုက်ခိုက်ခံရပြီး ရဲစခန်းမှူး အပါအဝင် ၁၁ ဦးသေဆုံး

အောက်တိုဘာ ၊ ၃၀ ၊ ၂၀၂၂
SP (VOM)

မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ် ၊ငါ့သရောက်မြို့ ၊ ငါ့သရောက် နယ်မြေရဲစခန်းဟာ မနေ့ အောက်တိုဘာ ၂၉ ရက် ညနေပိုင်း ၄ နာရီဝန်းကျင် က ပစ်ခတ်တိုက်ခိုက်ခံရပြီး လူသေဆုံးမှုတွေရှိခဲ့တယ်လို့ ငါးသရောက်ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်းမှာ ရဲမိသားစုတွေနဲ့ ရဲတွေက ရဲစခန်းဝန်း သန့်ရှင်းရေး (ဖက်ထရိတ်) လုပ်နေတဲ့အချိန် အမည်မသိလက်နက်ကိုင်အဖွဲ့ပ ရဲစခန်းကိုဝိုင်းပြီး သေနတ်တွေပစ်တာဖြစ်တယ် ၊ ရဲတွေနဲ့ ရဲမိသားစုတွေ သေဆုံးတာ ၁၀ ယောက်လောက်ရှိမယ် “လို့ ငါးသရောက်ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီလို ပစ်ခတ် တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ညောင်ဦးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က” ညနေ ၄ နာရီဝန်းကျင်က ဖြစ်တာပါ ၊ စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ ရဲမိသားစုဝင် အမျိုးသမီး ၁ ဦးလည်းကျဆုံးတယ်လို့ ကနဦး သိထားရတယ် ၊ မြေပြင်အခြေအနေကို သွားရောက် စစ်ဆေးနေဆဲဖြစ်တယ် ၊ ရှာဖွေကယ်ဆယ်ရေး နဲ့ နယ်မြေရှင်းလင်းရေး လုပ်ပြီးမှ အခြေအနေ အသေးစိပ်သိရမှာပါ ” လို့ ပြောပါတယ်။

ငါ့သရောက် ဒေသခံ တယောက်က ” ရဲတွေက စခန်းဝန်း သန့်ရှင်းရေးလုပ်နေတဲ့အချိန်ဆိုတော့ လက်နက်ကိုင်ဆောင်ထားတာ ၊ ခုခံပစ်ခတ်နိုင်တာ မရှိဘူးထင်တယ် ၊ အဲ့ဒါကြောင့် ထိခိုက်ကျဆုံးတာများတာဖြစ်တယ် ၊ နောက်ပြီး စခန်းလက်နက်တိုက်ပါ အစီးခံရပြီး လက်နက်တွေ ပါသွားတယ်လို့ ကြားရတယ် “လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့က ညနေပိုင်းမှာ မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ် ၊ ငါးမျှာရဲကင်းမှူး ဒုရဲအုပ် ဇေယျာဝင်းမြင့် ဆိုသူနဲ့ ရဲတပ်ဖွဲ့ဝင် တယောက်ဟာ KTV ဆိုင်ကနေ ထွက်လာတဲ့အချိန် အမည်မသိ လက်နက်ကိုင် လူ ၄ ယောက်က ဝိုင်းဝန်းပစ်ခတ်တဲ့အတွက် ရဲတပ်သားဆိုသူ သေဆုံးပြီး ရဲကင်းမှူးဟာ ပေါင်မှာ ကျည်ဆံ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ငါ့သရောက်

Related posts

Leave a Comment

VOM News

FREE
VIEW