အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ခင်ပွန်း သံတူနဲ့တိုက်ခိုက်ခံရ

ဝါရှင်တန်၊ အောက်တိုဘာ-၂၉-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ခင်ပွန်းဖြစ်သူ ပေါလ်ပလိုစီဟာ သူရဲ့နေအိမ်ကို ဖောက်ထွင်း၀င်ရောက်လာတဲ့ တူကိုင်ထားသူတရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာတွေရရှိခဲ့ပြီး လက်ရှိမှာ ခွဲစိတ်ကုသမှုပြုပြီးနောက် အခြေအနေကောင်းမွန်ကြောင်း တာ၀န်ရှိသူတွေက အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။

အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ် ပေါလ်ပလိုစီဟာ အခုလိုတိုက်ခိုက်ခံရမှုကြောင့် ဘယ်ဘက်ဦးခေါင်းခွံရိုးကျိုးသွားကာ ညာဘက်လက်မောင်းနဲ့ လက်ချောင်းတွေမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ဆန်ဖရန်စစ္စကိုရှိ သူတို့ဇနီးမောင်နှံရဲ့နေအိမ်ကို တူကိုင်ထားတဲ့ လူတဦးက ဖောက်ထွင်း၀င်ရောက်ခဲ့ပြီးနောက် သံသယရှိသူဟာ မစ္စပလိုစီကို တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ နိုင်ငံရေးရည်ရွယ်ချက်ရှိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုထားပြီး စက်ဆုပ်ဖွယ်လုပ်ရပ်ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။

လူသတ်မှုကျူးလွန်ရန်အားထုတ်မှုအပါအ၀င် အခြားစွဲချက်တွေနဲ့ အသက် ၄၂ နှစ်အရွယ် သံသယတရားခံအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး တိုက်ခိုက်ရတဲ့ အကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ ရှင်းလင်းစွာမသိရသေးပါဘူး။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW