ဘိုကလေးမှာ အသက် ၁၈ နှစ်အောက် ၄၅ ဦးအပါအဝင် အထောက်အထားမဲ့သူ ၆၀ ဦး ဖမ်းမိ

နိုဝင်ဘာ ၊ ၁ -၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် ၊အမာမြို့နယ်ခွဲ ၊ ကတုံးလေးရွာအနီးမှာ အသက် ၁၈နှစ် အောက် ၄၅ ယောက် အပါအဝင် အထောက်အထားမဲ့သူ အယောက် ၆၀ ကို ဖမ်းမိထားတယ်လို့ တာဝန်ရှိသူတွေ ဆီကနေသိရပါတယ်။

ဖမ်းမိတဲ့ အထောက်အထားမဲ့သူ အယောက် ၆၀ ဟာ
စက်လှေနဲ့လာတာဖြစ်ပြီး အမာမြို့မှာရှိတဲ့ ဒေသခံ ရေလုပ်သားတွေနဲ့တာဝန်ရှိသူတွေက ပင်လယ်ကမ်း စပ်မှာတွေ့ရှိတာကြောင့် ဘိုကလေးမြို့နယ် ရဲစခန်းကို အကြောင်းကြား ဖမ်းဆီးပြီးတော့ ဒီကနေ့ ရဲစခန်းကို အပ်လိုက်တာလို့ သိရပါတယ်။

အဲ့ဒီ့ဖမ်းမိတဲ့ အထောက်အထားမဲ့သူတွေထဲမှာ အသက် ၁၈ အောက် ၄၅ ယောက်အပါအဝင် အမျိုးသား ၅၄ ယောက်၊ အမျိုးသမီး ၆ ယောက် စုစုပေါင်း အယောက် ၆၀ ဦးဖြစ်ပြီး ဘိုကလေးမြို့ နယ်ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ စစ်ဆေးနေတယ်လို့ သိရပါတယ်။

”ရေလုပ်သားတွေနဲ့ ကျေးရွာတာဝန်ရှိတဲ့သူတွေက ဖုန်းဆက်တာပါ ၊ ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေတယ်၊ အားလုံး အယောက် ၆၀ ၊ စက်လှေနဲ့လာတာလို့ ပြောတယ် ၊ စက်လှေတစ်စီးလည်း ပင်လယ်မှာ နစ်မြုပ်သွားတယ်လို့သိရတယ် ၊ အဲ့ဒါကတော့အတည်ပြု စစ်ဆေးနေဆဲပါ ၊ လူငယ်တွေပိုများတယ်။”လို့ တာဝန်ရှိ သူတယောက်ကပြောပါတယ်။

လာတဲ့ အထောက်အထားမဲ့သူ အားလုံး အယောက် ၈၀ ဖြစ်ပြီး ဘိုကလေးမြို့နယ်နဲ့ အမာမြို့အနီးကို ဝင်မယ့် ကတုံးလေးကျေးရွာနဲ့ ကဒုံကနိပင်လယ်ကမ်းစပ် နားမှာ လူ အယောက် ၂၀ လောက်ပါတဲ့ စက်လှေတစီး နစ်မြုပ်သွားပြီး အားလုံးအသက်သေဆုံးနိုင်တယ်လို့ အထောက်အထားမဲ့သူတွေကို ကူညီပေးနေတဲ့သူဆီကနေ သိရပါတယ် ။

”ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကတည်းကလာရင်း ပင်လယ်ပြင်မှာ ရေနစ်မြုပ်သွားတာလို့ သိရတယ် ၊ အဲ့ဒီစက်လှေပေါ်မှာ လူအယောက် ၂၀ လောက်ပါလာတယ်တဲ့ ၊ အထောက်အထားမဲ့သူတွေကလည်းပြောတယ် ၊ ဒေသခံတွေရှိတဲ့ ရေလုပ်သားတွေကလည်းပြောတယ် ၊ အခု ရေလုပ်သားတွေနဲ့ တာဝန်ရှိသူတွေ လိုက်ရှာနေတယ်၊ လတ်တလော စက်လှေတစီးတော့ တွေ့ထားပြီလို့သိရတယ် ။”လို့ ကူညီပေးနေသူတယောက်ပြောပါတယ်။

တွေ့ရှိတဲ့ စက်လှေဟာ အထောက်အထားမဲ့သူတွေရဲ့ စက်လှေ ဟုတ် ၊ မဟုတ်နဲ့ အမှန်တကယ် ရေနစ်မြုပ်တာကြောင့်လည်း အထောက်အထားမဲ့သူတွေသေဆုံးတာ ရှိ ၊ မရှိ တာဝန်ရှိသူတွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နဲ့ ကလည်း မအူပင်မြို့နယ်၊ အောက်ထုံးရွာအနီး၊ တိုးမြစ်အတွင်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအဝင် အထောက်အထားမဲ့သူ ၅၄ ယောက် ဖမ်းမိခဲ့ပါသေးတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း၊ ငသိုင်းချောင်း နဲ့ ဂွ ကားလမ်းမကြီး ရဲ့ တောစပ်တစ်နေရာမှာ အောက်တိုဘာ ၂၇ ရက်ကလည်း အထောက်အထားမဲ့ဝင်လာတဲ့သူ ၄၆ ယောက်နဲ့ လမ်းပြ ၂ ယောက်ကိုဖမ်းမိခဲ့သေးတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ဘိုကလေး #အထောက်အထားမဲ့သူဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW