အီရန်အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲ တက္ကသိုလ်ကျောင်းသားတွေ ပါ၀င်လာ

တီဟီရန်၊ နို၀င်ဘာ-၂-၂၀၂၂
မျိုးဆက်(VOM)

အီရန်မှာဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက အရှိန်အဟုန်နဲ့ ဖြိုးခွင်းလျှက်ရှိပေမယ့် ဆန္ဒပြမှုတွေမှာ အီရန်တက္ကသိုလ်ကျောင်းသားတွေပါ ပါ၀င်လာကြပြီး နို၀င်ဘာ ၁ ရက်မှာ ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။

မြို့တော်တီဟီရန်နဲ့ အခြားမြို့တွေရှိ တက္ကသိုလ်ကျောင်းတွေက စင်္ကြန်တွေ၊ စုရပ်တွေနဲ့ လမ်းတွေပေါ်မှာ ကျောင်းသားကျောင်းသူတွေ စုဝေးပြီး ထိုင်သပိတ်ဆင်နွှဲခဲ့ကြတဲ့ ရုပ်သံနဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ဆန္ဒပွဲတွေအတွင်း ဖမ်းဆီခံထားရတဲ့ ကျောင်းသားတွေ မလွတ်မချင်း ကျောင်းတက်မှာမဟုတ်ကြောင်း သတိပေးစာတန်းတွေကိုင်ဆောင်ပြီး ကျောင်းသားကျောင်းသူတွေ ဆန္ဒပြခဲ့ကြပါတယ်။

မျက်နှာစည်းပုဝါ၀တ်ဆင်ရမယ့် စည်းမျဉ်းချိုးဖောက်တယ်ဆိုပြီး အမျိုးသမီးတဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးစဉ် သေဆုံးတာကအစပြုခဲ့တဲ့ လွန်ခဲ့တဲ့ သီတင်းခြောက်ပတ်က မငြိမ်မသက်မှုတွေအတွင်း လူ ၃၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အဲဒီလို ဆန္ဒပြမငြိမ်သက်မှုတွေဟာ ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေးနောက်ပိုင်း အီရန်နိုင်ငံရဲ့ အဆိုးရွားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်လာပါတယ်။

Ref:BBC
Photo:HANA
#voiceofmyanmar #VOM #တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW