စစ်ကိုင်းတိုင်းမှာ ပဋိပက္ခဖြစ်စဥ်တွေကြောင့် ဌာနဆိုင်ရာဝန်ထမ်း သေဆုံးမှုမှာ ထွေ/အုပ်ဝန်ထမ်း သေဆုံးမှုများခဲ့

နိုဝင်ဘာ ၊ ၂ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်းမှာ ၂၁လအတွင်း ပဋိပက္ခဖြစ်စဥ်တွေကြောင့် ဌာနဆိုင်ရာဝန်ထမ်း သေဆုံးမှုမှာ ထွေ/အုပ်ဝန်ထမ်း သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။

” စစ်ကိုင်းတိုင်းမှာ အသတ်ခံရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ရပ်ကျေး ထွေ/အုပ် ဝန်ထမ်းတွေ ၊ ပညာရေးဝန်ထမ်းတွေ ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်တယ် ၊ အဲ့ဒီထဲက သေဆုံးသူ အများစုက ရပ်ကျေး ထွေ / အုပ် ဝန်ထမ်းတွေဖြစ်ပြီး ၊ ဒုတိယ အများဆုံးက ရဲနဲ့ ရဲမိသားစုဝင်တွေဖြစ်တယ် ၊ တတိယ အများဆုံးက ပညာရေးဝန်ထမ်းတွေဖြစ်တယ် ” လို့ ဒေသခံ လူမှုကူညီရေး ပရဟိတသမား တယောက်က ပြောပါတယ်။

ပဋိပက္ခတွေကြောင့် အသတ်ခံရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနက် ရဲတပ်ဖွဲ့ဝင်တွေ အသတ်ခံရတာဟာ လပေါင်း ၂၁ လအတွင်း အယောက် ၈၀ နီးပါးအထိရှိနေတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီလို ဌာနဆိုင်ရာ ဝန်ထမ်းတွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး မုံရွာမြိုခံ လူမှုကူညီရေးအဖွဲ့ဝင် ပရဟိတသမား တယောက်က” ပြီးခဲ့တဲ့နှစ်က တမူး ကလေးလမ်းမှာ တမူးကနေ တရားရုံးသက်သေခံပြီး ပြန်လာတဲ့ ကလေး အထူးမူးယစ် အဖွဲ့က ၃ ယောက် ၊ ဖောင်းပြင်မြို့နယ် ၊ ရေအောက်တောင်း နယ်မြေလှုပ်ရှား ရဲကင်းက ၇ ယောက် ၊ မှိုင်းချောင်း နယ်မြေရဲစခန်းက ၃ ယောက် ၊ ချောင်းဦးမြို့နယ်မှူး ရဲမှူး ဝင်းအောင် အပါအဝင် ၂ ယောက် ၊ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် ၃ ယောက် ၊ ကသာ ယာဥ်ထိန်းက ၂ ယောက် ၊ မုံရွာ ယာဥ်ထိန်းက ၁ ယောက် ၊ မုံရွာနယ်မြေရဲစခန်းက အမှုစစ် ဒုရဲအုပ် ၁ ယောက်နဲ့ ရဲတပ်ရင်း ၃၅ က ဒုရဲအုပ် ၁ ယောက် ၊ မုံရွာခရိုင်ရဲရုံးမှာ တွဲဘက် တာဝန်ထမ်းဆောင်နေတဲ့ ပုလဲမြို့မရဲစခန်းက ၁ ယောက်နဲ့ ခင်ဦး မြို့မရဲစခန်းက ၁ ယောက် ၊ မဟာမြိုင်ကနေ ထောင်ပို့ပြန်လာတဲ့ ရွှေဘိုရဲစခန်း ၁ ယောက် ၊ ကောလင်း ကျောက်တန်းကားလမ်း ဝန်းသိုလမ်းခွဲ ကိုဗစ်စစ်ဆေးရေး ဂိတ်မှာ ကောလင်းရဲစခန်းက ဒုရဲအုပ် ၁ ဦး အပါအဝင် ၂ ယောက် ၊ ဒီပဲယင်းနယ် မူးကမ်းကြီးရဲစခန်းကနေ ဒီပဲယင်းမြို့ပေါ်သွားတဲ့လမ်းမှာ မူးကမ်းစခန်းက ၃ ယောက် ၊ တန့်ဆည်မြို့မရဲစခန်းကနေ စျေးထွက်ဝယ်တဲ့ နယ်ထိန်းရဲ ၂ ယောက် ၊ ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့ကနေ မုံရွာကို စကက်ကားနဲ့လာတဲ့ ရဲအဖွဲ့ မိုင်းထိမှန်းပြီး သေဆုံးတာ ၂ ယောက် ၊ ပင်လည်ဘူး ရဲစခန်းကနေ လူသတ်မှု စစ်ဆေးသွားတဲ့ အဖွဲ့ထဲက ၂ ယောက် သေဆုံးခဲ့တယ် ၊ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ဒီဇင်ဘာအထိ လက်လှမ်းမီသလောက် သိရတာက ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၃၇ ယောက် သေဆုံးတာဖြစ်တယ် ” လို့ ပြောပါတယ် ။

ဒါ့အပြင် အခုနှစ် ဇ​န်နဝါရီကနေ နိုဝင်ဘာ ၂ ရက်အထိ သိရတာက ရေဦး နဲ့ ခင်ဦး ကြားမှာ ကား မိုင်းထိမှန်ပြီးနောက် ပစ်ခတ်ခံရလို့ ရေဦးက ရဲ ၅ ဦး ၊ တန့်ဆည်မြို့ဝင် စစ်ဆေးရေဂိတ်ကိုသွားတဲ့ ရဲတွေစီးလာတဲ့ အရပ်ကား အပစ်ခံရလို့ တန့်ဆည်ရဲ ၆ ဦး ၊ ဆားလင်းကြီး မြို့မရဲစခန်းကနေ စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး ၊ မုံရွာ ညောင်ဖြူပင် ရဲကင်းစခန်းက စခန်းမှူး ရဲအုပ် အောင်မျိုး အပါအဝင် ၃ ဦး ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးရဲကင်းစခန်းကနေ စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး ၊ ကလေးမြို့ ယာဥ်ထိန်းက ၁ ဦး ၊ အရာတော်နယ် နောင်ကြီးအိုင် ရဲကင်းစခန်းက ၁ ဦး၊ ကလေးဝမြို့နယ် ၊ မစိန်နယ်မြေရဲစခန်းက ရဲစခန်းမှူး အပါအဝင် ၇ ဦး ၊ဟုမ္မလင်း ရွှေပြည်အေးမြို့သစ်မှာ ဟုမ္မလင်းရဲ ၁ ဦး ၊ ဗန်းမောက်မြို့ဝင် ကိုဗစ် စစ်ဆေးရေးဂိတ်မှာ ဗန်းမောက်မြို့မရဲစခန်းက ၂ ဦး ၊ မင်းကင်းမြို့နယ် ၊ မောက္ကတော် နယ်မြေရဲစခန်းမှူး အပါအဝင် ၃ ဦး ၊ ခင်ဦးမြို့နယ်တပ်ဖွဲ့က စျေးဝယ်ထွက်လာတဲ့ ရဲမေ ၁ ဦး သေဆုံးတယ် ၊ ဒီနှစ်ထဲမှာ လက်ရှိအချိန်ထိ သေဆုံး ရဲတပ်ဖွဲ့ဝင် ၃၇ ယောက်ရှိပြီး ပြီးခဲ့လပေါင်း ၂၁ လအတွင်း စစ်ကိုင်းတိုင်းထဲမှာ သေဆုံး ရဲတပ်ဖွဲ့ဝင် ၇၇ ယောက် အထိရှိနေတာပဲဖြစ်တယ် ” လို့ အဲ့ဒီ ပရဟိတသမားက ပြောပါတယ်။

အဲ့ဒီ အရေအတွက်ဟာ စစ်ကိုင်းတိုင်းအတွင်းက ရဲတပ်ဖွဲ့ဝင်တွေ အသတ်ခံရတာကို လက်လှမ်းမှီသလောက် ပြုစုထားတာဖြစ်ပြီး မြေပြင်ဖြစ်စဥ်နဲ့ အရေအတွက်ဟာ ဒီထက်ပိုနိုင်တယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar စစ်ကိုင်းတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW