စစ်လေယာဉ် ၂၄၀ ပါ၀င်တဲ့ ကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ချက်ချင်းရပ်ဖို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ နို၀င်ဘာ-၁-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နဲ့တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်တန့်ဖို့ မြောက်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီးဌာနက အောက်တိုဘာ ၃၁ ရက်မှာ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။

အောက်တိုဘာ ၃၁ ရက်မှာစတင်ပြီး နို၀င်ဘာ ၄ ရက်ထိကျင်းပမယ့် စစ်လေယာဉ် ၂၄၀ ကျော်ပါ၀င်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့၂၀၁၇ ခုနှစ်နောက်ပိုင်း အကြီးစား စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းရပ်ဖို့ မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုရီးယားကျွန်းဆွယ်နဲ့ ၀န်းကျင်ဒေသတွေရဲ့ အခြေအနေဟာ သြဇာအာဏာအတွက် ပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုအခြေအနေတွေ တဖန်ပြန်လည်ရောက်ရှိနေကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ယင်းကိစ္စအပေါ် လိုအပ်တဲ့တန်ပြန်အစီအမံတွေလုပ်ဆောင်ဖို့ အသင့်ရှိကြောင်းနဲ့ အမေရိကန်က နောက်ထပ်ရန်စမှုတွေ ဆက်လက်လုပ်ဆောင်ပါက ပိုမိုပြင်းထန်တဲ့ အစီအမံတွေလုပ်ဖို့ စဉ်းစားသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဘယ်လိုအစီအမံမျိုးတွေလည်း ဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူး။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ မကြာသေးမီက ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်မှုအဖြစ် မြောက်ကိုရီးယားဟာ စက်တင်ဘာနဲ့ အောက်တိုဘာလတွေအတွင်းမှာ ပဲ့ထိန်းဒုံးကျည်တွေ ပစ်ခတ်စမ်းသပ်ခဲ့ပါတယ်။

Ref: NHK
Photo:US Air Force
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW