မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ ဒုံးကျည်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား

ဆိုးလ်၊ နို၀င်ဘာ-၂-၂၀၂၂
မျိုးဆက်(VOM)

ကိုရီးယားစစ်ပွဲပြီးနောက် ပထမဆုံးအကြိမ်ဖြစ် မြောက်ကိုရီးယားဟာ နှစ်နိုင်ငံရေပိုင်နက်နယ်စပ်ကို ဖြတ်ကျော်ပြီး တောင်ကိုရီးယားဘက်ကို နို၀င်ဘာ ၂ ရက်မှာ ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

အဲဒီ တာတိုပစ်ဒုံးကျည်ဟာ ဆော့ခ်ချိုမြို့တောင်ဘက် ၃၇ မိုင်အကွာကို ကျရောက်ခဲ့ပြီး အော်လ်လန်ဒိုကျွန်းမှာ လေကြောင်းတိုက်ခိုက်မှု အချက်ပေးမှုတွေ ထုတ်ပြန်ခဲ့ရပါတယ်။

မြောက်ကိုရီးယားရဲ့ ဒီလိုပစ်ခတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားကလည်း နောက်ပိုင်းမှာ ဒုံးကျည်သုံးစင်း ပစ်ခတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့လုပ်ရပ်ဟာ နယ်မြေကျူးကျော်မှုဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက ဆိုပါတယ်။

မြောက်ကိုရီးယားဟာ နို၀င်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် အရှေ့နှင့် အနောက်သို့ ဒုံးကျည် ၁၀ စင်းထက်မနည်း ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

ဒီလိုရန်လိုမှုကို အလျင်အပြန်တုံ့ပြန်ဖို့ တောင်ကိုရီးယား သမ္မတက အမိန့်ပေးခဲ့ပြီး ရေပိုင်နက်မြောက်ဘက်ကို ဦးတည်ပြီး ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်သုံးစင်းကို တောင်ကိုရီးယားစစ်တပ်က ပစ်ခတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ အခုလိုရန်စတဲ့လုပ်ရပ်တွေကို သည်းခံတော့မှာမဟုတ်ဘဲ တောင်ကိုရီးယား-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုအောက်မှာ တုံ့ပြန်မှုများပြုလုပ်သွားမှာဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW