ရုရှားက ဒုံးကျည်တွေနဲ့ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံတ၀န်း ရေနဲ့ လျှပ်စစ်ဓါတ်အား ပြတ်တောက်နေ

ကိဗ်ယက်၊ နို၀င်ဘာ-၁-၂၀၂၂
မျိုးဆက်(VOM)

ရုရှားဟာ ယူကရိန်းကို အောက်တိုဘာ ၃၁ ရက်က ဒုံးကျည်ဒါဇင်ပေါင်းများစွာနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ယူကရိန်းနိုင်ငံတ၀န်းမှာ လျှပ်စစ်ဓါတ်အားနဲ့ ရေပေးဝေရေးစနစ်တွေ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပါတယ်။

မြို့တော်ကိဗ်ယက်ရဲ့ ၄၀ ရာခိုင်နှုန်းဟာ ရေပြတ်တောက်နေပြီး သိန်းပေါင်းများစွာသော လူနေအိမ်တွေမှာ လျှပ်စစ်ဓါတ်အားတွေ ပြတ်တောက်နေတယ်လို့ မြို့တော်၀န် Vitaliy Klitschko ကပြောပါတယ်။

မြို့ထဲမှာတော့ ပန့်ကရေကို သယ်ယူဖို့အတွက် မြို့ခံများစွာဟာ တန်းစီစောင့်ဆိုင်းနေရပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်းရှိ ဒီနီပရိုမြို့၊ ဇာပိုရစ်ဇီယားမှာရှိတဲ့ ခါကိဗ်၊ အလယ်ပိုင်းက ဗင်နီဆီးယားနဲ့ လာဗစ်ဒေသတို့မှာ ရုရှားရဲ့တိုက်ခိုက်မှုနဲ့ ရင်ဆိုခဲ့ရပြီး အဆောက်အအုံ စုစုပေါင်း ၁၈ ခုပျက်စီးခဲ့တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

ရုရှားက ပစ်ခတ်လိုက်တဲ့ ခရုဇ်ဒုံးကျည် ၄၄ စင်းကို ယူကရိန်းက ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ သိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားရှိ ရုရှားရဲ့ ပင်လယ်နက်ရေယာဉ်အုပ်စုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာအတွက် တုံ့ပြန်တာလို့ ရုရှားသမ္မတ ပူတင်ကပြောပါတယ်။

ဒါပေမယ့် ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ယူကရိန်းဘက်က ထုတ်ဖော်ပြောဆိုတာမျိုးမရှိပါဘူး။

လက်ရှိမှာတော့ ရုရှားဟာ ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ယူကရိန်းပို့ကုန်တွေ တင်ပို့မှုခွင့်ပြုထားတာကို ရပ်ဆိုင်းထားပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW