လေးနှစ်အတွင်း ငါးကြိမ်ကျင်းပတဲ့ အစ္စရေးရွေးကောက်ပွဲ ၀န်ကြီးချုပ်ဟောင်းနေတန်ယာဟု အနိုင်ရဖို့ တစ်ပြေးနေ

ဂျေရုဆလင်၊ နို၀င်ဘာ-၂-၂၀၂၂
မျိုးဆက်(VOM)

အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုဟာ နို၀င်ဘာ ၁ ရက်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ တစ်ပြေးနေကြောင်း ရွေးကောက်ပွဲစစ်တမ်းတွေမှာ ဖော်ပြထားထားပါတယ်။

တရား၀င်ရလဒ်မထွက်ပေါ်မီ စစ်တမ်းတွေရဲ့ ဖော်ပြချက်အရ ၀န်ကြီးချုပ်ဟောင်း နေတန်ယာဟုရဲ့ လက်ယာယိမ်းအဖွဲ့ဟာ ပြိုင်ဘက်တွေထက် အမတ်နေရာ အသာစီးရရှိထားကြောင်း သိရပါတယ်။

ကနဦးခန့်မှန်းချက်တွေဟာ ၁၂ နှစ်ဆက်တိုက်အာဏာရယူပြီးနောက် ယမန်နှစ်က ရာထူးမှပြုတ်ချခဲ့တဲ့ နေတန်ယာဟုအတွက် တကျော့ပြန်အနိုင်ရဖို့ သိသာထင်ရှားတဲ့ အရိပ်လက္ခဏာဖြစ်ပါတယ်။

မိမိတို့အနေနဲ့ ကြီးမားတဲ့ အောင်ပွဲရဖို့ နီးစပ်နေပြီဖြစ်ကြောင်း နေတန်ယာဟုက ထောက်ခံသူတွေကိုပြောပါတယ်။

သူ့ရဲ့အဓိကပြိုင်ဘက် လက်ရှိ၀န်ကြီးချုပ် လာပစ်ကတော့ ရွေးကောက်ပွဲရလဒ်အပေါ် ဘယ်လိုတရား၀င်ရလဒ်မှ မထွက်ပေါ်သေးဘူးလို့ ပြောပါတယ်။

တရား၀င်ရလဒ်တွေမကြေညာမီနာရီပိုင်းအလိုထိ ရွေးကောက်ပွဲရလဒ်တွေ ပြောင်းလဲနိုင်ဆဲဖြစ်ပါတယ်။

လက်ယာယိမ်းနဲ့ အခြားသောနိုင်ငံရေးအင်အားစုတွေအပေါ် အများပြည်သူထောက်ခံမှု ကွာဟမှုမရှိတာနဲ့အတူ ၂၀၁၉ ခုနှစ်ကတည်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေ လဖြစ်ပေါ်ခဲ့ပြီး ယခုရွေးကောက်ပွဲကတော့ လေးနှစ်အတွင်း ငါးကြိမ်မြောက်ဖြစ်ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဂျေရုဆလင်

Related posts

Leave a Comment

VOM News

FREE
VIEW