ဆော်ဒီကို အီရန်ကတိုက်ဖို့ ကြံစည်နေကြောင်း ထောက်လှမ်းသတင်းတွေ ဖော်ပြ

ဝါရှင်တန်၊ နို၀င်ဘာ-၃-၂၀၂၂
မျိုးဆက်(VOM)

အီရန်ဟာ ဆော်ဒီအာရေဗျကို တိုက်ခိုက်ဖို့ကြံစည်နေကြောင်း ထောက်လှမ်းရေး သတင်းတွေထွက်ပေါ်လာပြီးနောက် အမေရိကန်နဲ့ ဆ်ာဒီတာ၀န်ရှိသူတွေက အမြင့်ဆုံးတပ်လှန့်ထားကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

အီရန်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို အာရုံလွှဲမှုအဖြစ် အီရတ်ရှိအမေရိကန်တပ်ဖွဲ့၀င်တွေနဲ့ ဆော်ဒီကို တိုက်ခိုက်ဖို့အပါအ၀င် အီရန်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံတာ၀န်ရှိသူတွေက စိုးရိမ်မကင်းဖြစ်နေကြောင်း ဝေါလ်စရိဂျာနယ်က ဖော်ပြထားပါတယ်။

အီရန်ရဲ့ခြိမ်းခြောက်မှုပုံစံအပေါ် မိမိတို့စိုးရိမ်ပူပန်ကြောင်း၊ စစ်ဘက်နဲ့ ထောက်လှမ်းရေး လမ်းကြောင်းတွေကတဆင့် ဆော်ဒီတာ၀န်ရှိသူတွေနဲ့ အဆက်မပြတ် ဆက်သွယ်ဆောင်ရွက်နေကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီက ထုတ်ပြန်ထားပါတယ်။

`ဒေသတွင်းရှိ အမေရိကန်ရဲ့အကျိုးစီးပွားတွေနဲ့ မိတ်ဖက်တွေကို ကာကွယ်ရေးအတွက်လုပ်ဆောင်ရာမှာ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အီရန်ဟာ အမေရိကန်တပ်ဖွဲ့၀င်တွေ တပ်စွဲထားရာ အီရတ်နိုင်ငံမြောက်ပိုင်းမှာ ပိတ်ဆို့တိုက်ခိုက်မှုတွေကို စက်တင်ဘာနှောင်းပိုင်းကတည်းက လုပ်ဆောင်နေခဲ့ပါတယ်။

Ref:Anadolu
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW