မန္တလေးမြို့ ကံရွာ(ဂန်ရွာ)မီးလောင်မှု နေအိမ် ၄၂လုံးနဲ့ သိန်း ၇၀၀ကျော် မီးလောင်ဆုံးရှုံး

နိုဝင်ဘာ ၃-၂၀၂၂
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် တောင်ရပ်ကွက်၊ ကံရွာ(ဂန်ရွာ)မှာ ဒီကနေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွါးခဲ့ပါတယ်။

“မီးလောင်တာက ၅နာရီခန့်က စလောင်တယ် ၆နာရီကျော်မှာ မီးငြိမ်းပါတယ်၊ အိမ် ၄၂လုံး နဲ့ ၇၁၄ သိန်းကျော် မီးလောင်ဆုံးရှုံးပါတယ်၊”လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနနဲ့နီးစပ်သူတဦးကပြောပါတယ်။

မီးလောင်မှုကို မီးလောင်မှုအဆင့် level-2နဲ့ မီးငြိမ်းသတ်ခဲ့ရပြီး အသက် ၇၅နှစ်အရွယ် အမျိုးသား တဦးနဲ့ အသက် ၆၃နှစ်အရွယ် အမျိုးသမီး တဦး မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုအကြောင်းအရင်း နဲ့ မီးစလောင်တဲ့အိမ်ကိုတော့ အခုည ၁၀နာရီအချိန်ထိ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အမှတ် ၁၁နယ်မြေရဲစခန်းမှာတော့ မီးလောင်မှုနဲ့ပတ်သက်ပြီး အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW