နွားထိုးကြီးမြို့နယ်မှာ ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့

နိဝင်ဘာ ၊ ၅ ၊ ၂၀၂၂
SP (VOM)

မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ် ၊ ဇေဒိတ်ရွာနဲ့ ထန်းတောရွာအကြား ကျေးရွာချင်းဆက်လမ်းပေါ်မှာ မနေ့ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက ပစ်သတ် စွန့်ပစ်ခံထားရတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့ခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” သေဆုံးသူ ၃ ယောက်ဟာ ၊ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး တယောက်ဖြစ်တယ် ၊ ဦးခေါင်း ကျည်ဆံဖောက်ဝင် ၊ ပွင့်ထွက် ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ် “လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင် ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ၃ လောင်းပြိုင် စွန့်ပစ်ထားတာနဲ့ ပတ်သက်ပြီး နွားထိုးကြီးမြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” သေဆုံးသူတွေဟာ နွားထိုးကြီးမြို့၊ အမှတ် (၈) ရပ်ကွက်က ဦးသန်းမြင့်ဆွေ (၅၉) နှစ်၊ အမှတ် (၇) ရပ်ကွက်က ဒေါ်အေးမြတ်မွန် (၄၂) နှစ်နဲ့ အသက် (၂၅) နှစ် အရွယ် အမည်မသိ (စုံစမ်းနေဆဲအ) မျိုးသားတဦး ဖြစ်တယ် ၊ အမှုဖွင့် စစ်ဆေးနေပါတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ဒီမနက် အစောပိုင်းကလည်း နွားထိုးကြီးမြိုနယ်၊ လက်ပန်ရွာနဲ့ ဇဂျမ်းကုန်းရွာ သွားလမ်းဘေးမှာ ပစ်သတ် စွန့်ပစ်ခံထားရတဲ့ အလောင်း တွေ့ရပြီး သေဆုံးသူဟာ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကန်ကျေးရွာက ဦးစောရွှေ (၅၅) နှစ် ဆိုသူ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက မန္တလေးတိုင်း ၊ ဝမ်းတွင်း ၊ စဥ့်ကူး ၊ မြင်းခြံ ၊ ငါန်းဇွန် ၊ မြို့သာ ၊ ငါးသရောက် ၊ ပုသိမ်ကြီး ၊ မတ္တရာ စတဲ့ မြို့နယ်တွေဘက်မှာ ပစ်သတ်ခံရတဲ့ ဖြစ်စဥ်တွေ ပေါ်ပေါက်ပြီး လူ ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#VOM #voiceofmyanmar #နွားထိုးကြီး

Related posts

Leave a Comment

VOM News

FREE
VIEW