စစ်ရေးလေ့ကျင့်မှုတွေလုပ်နေတဲ့ တောင်ကိုရီးယား တန်ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ နို၀င်ဘာ-၈-၂၀၂၂
မျိုးဆက်(VOM)

တောင်ကိုရီးယားရဲ့ နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်လိုက်ပြီး တန်ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို အခြေခံပြီး ကွန်ပြူတာနဲ့ ပုံစံတူစစ်ရေးလေ့ကျင့်မှု Taegeuk ကို နို၀င်ဘာ ၇ ရက်ကနေ ၁၀ ရက် တောင်ကိုရီးယားက ပြုလုပ်နေပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ ကွန်ပြူတာနဲ့ပုံစံတူပြုလုပ်တာဆိုပေမယ့် တောင်ကိုရီးယားရဲ့ ရည်ရွယ်ချက်အစစ်အမှန်က ရန်လိုတဲ့သဘောဖြစ်တယ်လို့ မြောက်ကိုရီးယားက ဝေဖန်ပြောဆိုပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တပ်တွေဟာ လေးလအတွင်း စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်ဆိုသလိုပြုလုပ်ခဲ့ကြပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ငါးနှစ်အတွင်း အကြီးဆုံးလေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ပြီး မြောက်ကိုရီးယားအပေါ် ဖိအားပေးခဲ့ပါတယ်။

အဲဒီလေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ နို၀င်ဘာ ၂ ရက်ကနေ ၅ ရက်နေ့ထိ စစ်ရေးလေ့ကျင့်ခဲ့ပြီး ပဲ့ထိန်းဒုံးကျည် ၈၀ ကျော်နဲ့ အခြားဒုံးကျည်တွေ ပစ်ခတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

လက်ရှိမှာတော့ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေအတွက် တောင်ကိုရီးယားတပ်တွေကို အာဏာပိုင်တွေက တပ်လှန့်ထားပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW