ပခုက္ကူက တိုင်းလွှတ်တော် ကိုယ်စားလှယ်ဟောင်းရဲ့ နောက်အိမ်တလုံး ထပ်မံချိပ်ပိတ်ခံရ

နိုဝင်ဘာ ၊ ၁၂ ၊ ၂၀၂၂
SP( VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၄ ရပ်ကွက် ၊ နေသူရိန်လမ်းမှာရှိတဲ့ NLD တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ဇင်နီနီဝင်းရဲ့ နေအိမ်တိုက် တလုံးနဲ့ ဂိုဒေါင် အဆောက်အဦတလုံးကို မနေ့ နိုဝင်ဘာ ၁၁ ရက် ၊ ညနေ ၄ နာရီက လာရောက် ချိပ်ပိတ်သိမ်းဆည်းသွားတယ်လို့ ပခုက္ကူမြို့တွေဆီက သိရပါတယ်။

“မနှစ်ကလည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်ဇင်နီနီဝင်းရဲ့ နေအိမ်အဆောက်အဦကို ချိပ်ပိတ်သိမ်းဆည်းခံရတာရှိခဲ့တယ်၊ မနေ့က ချိပ်ပိတ်သိမ်းဆည်းခံရတာက ဒုတိယအကြိမ်ဖြစ်တယ်”လို့ ပခုက္ကူမြို့ခံ တယောက်က ပြောပါတယ်။

ပခုက္ကူမြို့ ၊ အမှတ် ၄ ရပ်ကွက် ၊ နေသူရိန်လမ်းမှာရှိတဲ့ အဆောက်ဦး ၁ လုံးနဲ့ ဂိုဒေါင် ၁ လုံးကို အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေအရ နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်မှာဖြစ်တယ်လို့ ဗီနိုင်းဆိုင်းဘုတ်ချိတ်ဆွဲကာ ချိပ်ပိတ်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ ၊ နိုဝင်ဘာ ၁၅ ရက်ကလည်း ပခုက္ကူုမြို့၊ အမှတ် (၄) ရပ်ကွက်၊ နေသူရိန်လမ်းရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဇင်နီနီဝင်း နေအိမ်၊ အမှတ် ၈ ရပ်ကွက်မှာနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၊ မြို့နယ် NLD ပါတီ ဥက္ကဌ ဦးပိုက်ကိုရဲ့ နေအိမ် အဆောက်အဦနဲ့ အမှတ် ၁၁ ရပ်ကွက်မှာရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသက်ကြူရဲ့ နေအိမ်အဆောက်အဦတွေ ချိပ်ပိတ်သိမ်းဆည်းခံရတာ ဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ပခုက္ကူခရိုင်ထဲက ဆိပ်ဖြူ ၊ ပေါက် ၊ မြိုင် ၊ ရေစကြိုနဲ့ ပခုက္ကူ စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလအတွင်းမှာ အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေအရ နိုင်ငံတော်ပိုင် ချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ အဆောက်အဦပေါင်း ၅၀ ထက်မနည်းရှိခဲ့ပြီး သိမ်းဆည်းခံရတဲ့သူတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ ဆရာဝန်တွေ ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ အပါအဝင် ကားသမားတချို့လည်း ပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ- ၂၀၂၁က သိမ်းဆည်းခဲ့တဲ့ အဆောက်အဦတွေပုံ
#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW