ရေစကြိုမြို့နယ်က ဘုန်းကြီးတပါး ပစ်သတ်ခံရ

နိုဝင်ဘာ ၊ ၁၁ ၊ ၂၀၂၂
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ စည်သာကျေးရွာ ၊ မေတ္တာရှင် ပရဟိတကျောင်းတိုက် ဆရာတော်ဟာ ၊ မနေ့ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက ပစ်သတ်ခံရတယ်လို့ ရေစကြိုမြို့နယ် သံဃာ့ဝေယျဝစ္စ အကျိုးဆောင်အဖွဲ့ဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ စည်သာရွာက မေတ္တာရှင်လူမှုကူညီရေး ပရဟိတကျောင်းတိုက်က ဆရာတော် ဥူးအာစာရ ပစ်သတ်ခံရတာဖြစ်တယ် ” လို့ ရေစကြိုမြို့ခံ တယောက်က ပြောပါတယ်။

ရေစကြိုမြို့နယ် တောင်ပိုင်းမှာ လူမှုကူညီရေး ပရဟိတလုပ်ငန်းတွေနဲ့ ထင်ပေါ်ကြားသူ ဆရာတော် ဥူးအာစာရဟာ အမည်မသိ လက်နက်ကိုင် ၅ ဦးက လက်လုပ်သေနတ်နဲ့ ပစ်သတ်တာကြောင့် နားထင် နဲ့ ဦးခေါင်းနေရာတွေမှာ ကျည်ဆံဖောက်ဝင်ဒဏ်ရာရပြီး နေရာမှာတင် ပျံလွန်တော်မူခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

ဘယ်အဖွဲ့အစည်းက ဘာကြောင့် သတ်သွားတာလဲဆိုတာကိုတော့ VOMက ဆက်လက်စုံစမ်းနေဆဲ
ဖြစ်ပါတယ်။

မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲက မြိုင် ၊ ရေစကြို ၊ ပေါက် ၊ ဆိပ်ဖြူ နဲ့ ပခုက္ကူ စတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော် ကာလအတွင်း သီလရှင် ဆရာကြီး ၁ ပါး အပါအဝင် ရဟန်း သံဃာ အပါး ၃၀ ကျော် အသတ်ခံရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရေစကြို

Related posts

Leave a Comment

VOM News

FREE
VIEW