ကမ္ဘာ့လူဦးရေ စုစုပေါင်း (၈) ဘီလီယံထိ ရှိလာ၊ လူဦးရေအများဆုံးနိုင်ငံအဖြစ် အိန္ဒိယက တရုတ်ကို ကျော်တက်ဖွယ်ရှိ

ကုလသမဂ္ဂ၊ နို၀င်ဘာ-၁၅-၂၀၂၂
မျိုးဆက်(VOM)

ကမ္ဘာ့လူဦးရေစုစုပေါင်း နို၀င်ဘာ ၁၅ ရက်မှာ ရှစ်ဘီလီယံထိ ရှိလာကြောင်း ကုလသမဂ္ဂက ခန့်မှန်းထုတ်ပြန်ထားပြီး အိန္ဒိယနဲ့ အာဖရိကနိုင်ငံတွေမှာ တိုးတက်မှုနှုန်းအမြင့်ဆုံးဖြစ်ကြောင်း သိရပါတယ်။

လူသားတို့ရဲ့ ပျှမ်းမျှသက်တမ်းရှည်လာခြင်း၊ မိခင်ဲ့ကလေးသေဆုံးမှု ကျဆင်းလာခြင်းတို့ကြောင့် လွန်ခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်း ကမ္ဘာ့လူဦးရေ ၁ ဘီလီယံတိုးလာခဲ့ကြောင်း ကုလသမဂ္ဂကဆိုပါတယ်။

တောင်အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံအချို့မှာ လူဦးရေးသိသိသာသာ တိုးပွားလာပြီး အိန္ဒိယနိုင်ငံကတော့ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံကို ကျော်တက်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

အာဖရိကနိုင်ငံတွေကတော့ ၂၀၅၀ ပြည့်နှစ်အထိ ခန့်မှန်းထားတဲ့ ကမ္ဘာ့လူဦးရေတိုးတက်မှုရဲ့ ထက်၀က်ကျော်ရှိမယ်လို့ မျှော်လင့်ရပါတယ်။

ဂျပန်အပါ၀င် နိုင်ငံ ၆၁ နိုင်ငံရဲ့ လူဦးရေဟာ ကလေးမွေးဖွားမှုနိမ့်ပါးခြင်းကြောင့် အဆိုပါနှစ်တွေအတွင်း လူဦးရေကျဆင်းဖွယ်ရှိနေပါတယ်။

ကမ္ဘာ့လူဦးရေဟာ ၂၀၈၀ ပြည့်နှစ်မှာ ၁၀ ဒသမ ၄ ဘီလီယံထိ အမြင့်ဆုံးရောက်ရှိနိုင်ပြီး အဲဒီနောက်ပိုင်းမှာ ကျဆင်းမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ တိုးပွားလာတဲ့ လူဦးရေနဲ့ အညီ ကောင်းမွန်တဲ့ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေများဖန်တီးပေးခြင်းကဲ့သို့ လိုအပ်ချက်တွေကို ဖြည့်ဆီးနိုင်ဖို့ ပြင်ဆင်ထားသင့်ကြောင်း ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။

Ref: NHK
Photo:Getty Images
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW