သာယာဝတီမြို့က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂ယောက် ပစ်သတ်ခံရ

 

နိုဝင်ဘာ ၁၅-၂၀၂၂
GG(VOM)

ပဲခူးတိုင်း အနောက်ပိုင်း၊သာယာဝတီမြို့နယ်ထဲက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့သိရပါတယ်။

အသတ်ခံရသူတွေက အိုက်ကဒုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ဆိုသူနဲ့ မြစ်ကျိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦး ကြီးမြင့်တို့ဖြစ်ပြီးသူတို့ကို မနေ့ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်း မြို့နယ်စိုက်ပျိုးရေးဘဏ်က အပြန်လမ်းမှာ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“သုံးဆယ်-ဖိုးခေါင်လမ်း ညောင်နီကုန်းရွာနဲ့ရေလဲရွာကြားမှာ သေနတ်နဲ့ပစ်ခံရတာ။ဖြစ်တာက ညနေ ၆ နာရီလောက် စိုက်ပျိုးရေးဘဏ်ကနေ အပြန်မှာ ပစ်ခံရတာ ။တယောက်က ၂ ချက်၊ တယောက်က ၃ ချက်ထိတယ် ၊အကုန်သေတယ် “လို့ သာယာဝတီမြို့ခံတဦးကပြောပါတယ်။

အသတ်ခံရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ယောက်လုံးဟာ နစက လက်ထက်မှာ အသစ်ခန့်အပ်ထားသူတွေဖြစ်ပြီး အသတ်ခံရပြီးနောက် စစ်တပ်က ပိတ်ဆို့စစ်ဆေးမှူတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ အုပ်ချုပ်ရေးမှူး နှစ်ယောက်ပစ်ခတ်မှုကိုတော့ သာယာဝတီဂဠုန်တပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ၊ အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူးတွေဟာ ငွေကြေးကြပ်တည်းနေတဲ့ လယ်သမားတွေကို စိုက်ဘဏ်မန်နေဂျာနဲ့ ပူးပေါင်းကာနိုင့်ထက်စီးနင်း ခြိမ်းခြောက် စိုက်ပျိုးရေး ချေးငွေ ကောက်ခံနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြရေးသားထားပါတယ်။

သာယာဝတီမြိုနယ်ထဲမှာ အရင်ကလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေသေနတ်နဲ့ပစ်သတ်ခံရတာတွေရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #သာယာဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW