အကျဉ်းသားတချို့ လွတ်ငြိမ်းသက်သာခွင့်ပြု

နေပြည်တော် နိုဝင်ဘာ၁၇-၂၀၂၂
KT(VOM)

အကျဥ်းသား ၆၀၀၀ နီးပါးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် နစက ကြေညာတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုမေးကြည့်တော့

” အကျဥ်းသား ၆၁၈ ယောက်၊အကျဥ်းသူ ၉၄ စုစုပေါင်း၇၁၂ ယောက်တို့ကိုလွတ်ငြိမ်းပြုပါကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက VOM ကိုပြောပါတယ်။နောက်တစ်ခုက နိုင်ငံခြားသားတွေပေါ့နော် ကျခံလျှက်ရှိသောပြစ်ဒဏ်တွေလွတ်ငြိမ်းခွင့်ပြုတယ်၊ပြည်နှင်ဒဏ်ပေးတယ်၊မစ္စတာရှောင်တာနယ် (ဩစတေးလျ)၊မစ္စဗစ်ကီဘိုမင်း (ဗြိတိန်)မစ္စတာတိုရိုကူဘိုတာ (ဂျပန်)ကျော်ဌေးဦးအမေရိကန်နိုင်ငံသား၊ဘိုမင်းရဲ့အမျိုးသားထိန်လင်း(ပန်းချီ)၊ဆင်မ(ခေါ်)ဇော်မင်းထိုက် (ဟာသပညာသရုပ်ဆောင်)၊နောက်ဝန်ကြီးနဲ့ ဝန်ကြီးချုပ်တွေဖြစ်တဲ့ ဦးကျော်တင့်ဆွေ၊ ဒေါက်တာလဲ့လဲ့မော်၊အနုပညာရှင်တွေဖြစ်တဲ့နီနီခင်ဇော်၊ ဘုန်းသိုက်၊ဟေမန်သူ၊ ထက်ထက်ထွန်း၊အနုပညာရှင်တွေပေါ့နော် ၅၀၅ ပိတ်သိမ်း၊နန်းခင်ဇေယျာ၊သဇင်ထူးမြင့် ၊ မယ်မင်းဘုံ နံ ဖွေးဖွေးတို့အပါအဝင် ၅၀၅ ပိတ်သိမ်းပြီးလွတ်ငြိမ်းခွင့်ပြုလိုက်ပါကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဒီလူတွေအပါအဝင် အကျဥ်းသား အကျဉ်းသူ ၅၇၇၄ ယောက် လွတ်ငြိမ်းခွင့်ပြုကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြည့်စွက်ပြောပါတယ်။

#voiceofmyanmar #VOM #လွတ်ငြိမ်းသက်သာ

Related posts

Leave a Comment

VOM News

FREE
VIEW