တံခါးပိတ်အစည်းအဝေး ဆွေးနွေးချက်ပေါက်ကြားမှု ကနေဒါ၀န်ကြီးချုပ်ကို တရုတ်သမ္မတဝေဖန်

ပေကျင်း၊ နို၀င်ဘာ-၁၇-၂၀၂၂
မျိုးဆက်(VOM)

ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပြင်ပမှာ လုပ်ခဲ့တဲ့ တံခါးပိတ်အစည်းအဝေး ဆွေးနွေးချက်တွေ ပေါက်ကြားမှုနဲ့ပတ်သက်ပြီး ကနေဒါ၀န်ကြီးချုပ် ဂျက်စတင်ထရူးဒေါကို တရုတ်သမ္မတရှီကျင်းပင်က နို၀င်ဘာ ၁၆ ရက်မှာ ပြစ်တင်ဝေဖန်လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ နို၀င်ဘာ ၁၆ ရက်က သူတို့နှစ်ဦးအခြေအတင် ပြောဆိုနေတဲ့ ရုပ်သံကို ကနေဒါသတင်းမီဒီယာတွေက ထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။

မိမိတို့ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေ သတင်းမီဒီယာမှာပေါက်ကြားမှုက မသင့်လျော်ကြောင်း နဲ့ ဒါဟာ ရိုးသားမှုကင်းမဲ့တာဖြစ်ကြောင်း တရုတ်သမ္မတရှီကျင်းပင်က စကားပြန်မှတဆင့် ကနေဒါ၀န်ကြီးချုပ်ကို ပြောဆိုခဲ့ပါတယ်။

ရိုးသားမှုရှိပါက အပြန်အလှန်လေးစားသမှုနဲ့ ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်မှာဖြစ်ပြီး ဒီလိုမဟုတ်ရင် အကျိုးဆက်ကိုပြောဖို့ လွယ်ကူမှာ မဟုတ်ကြောင်း တရုတ်သမ္မတရှီကျင်းပင်က ပြောဆိုခဲ့ပါတယ်။

ကနေဒါရွေးကောက်ပွဲတွေမျာ တရုတ်နိုင်ငံ၀င်ရောက်စွက်ဖက်မှုနဲ့ သူလျှိုလုပ်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ကနေဒါ-တရုတ်ဆက်ဆံရေးနဲ့ပတ်သက်ပြီး ကနေဒါ၀န်ကြီးချုပ်က စိုးရိမ်ပူပန်ကြောင်း တံခါးပိတ်အစည်းအဝေးမှာ တရုတ်သမ္မတကို ပြောဆိုခဲ့တာတွေကို သတင်းဌာနတွေက ဖော်ပြထားခဲ့ပါတယ်။

ကနေဒါအနေနဲ့ လွတ်လပ်ပွင့်လင်းစွာဆွေးနွေးမှုအဖြစ် ယုံကြည်ပြီး ဒီအတိုင်းဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကာ မတူကွဲပြားတဲ့ အရာတွေရှိနေပေမယ့် အပြုသဘောဆောင်တဲ့ လက်တွဲလုပ်ဆောင်မှုတွေ ဆက်လက်လုပ်ဆောငမယ်လို့ ကနေဒါ၀န်ကြီးချုပ်က တရုတ်သမ္မတကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW