ကုလရာသီဥတုပြောင်းလဲမှု ညီလာခံမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ စက်မှုနိုင်ငံတွေအကြား သဘောကွဲလွဲနေ

ကိုင်ရို၊ နို၀င်ဘာ-၁၈-၂၀၂၂
မျိူးဆက်(VOM)

ကုလမဂ္ဂက ကမကထပြုကျင်းပတေဲ့ စီအိုပီ၂၇ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာနောက်ဆုံးနေ့မတိုင်မီမှာ ညှိနှို်င်းလုပ်ဆောင်ရွက်မှုတွေလုပ်ဆောင်ကြဖို့ အစည်းအဝေးတွင်ပါ၀င်သူတွေကို ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်က နို၀င်ဘာ ၁၇ ရက်မှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ ညှိနိူင်းမှုတွေမှာ အကြပ်အတည်းတွေရှိနေပြီး တက်ရောက်လာသူတွေအကြား အရေးပါတဲ့ ကိစ္စရပ်တွေမှာ ကွဲလွဲမှုတွေရှိနေသေးကြောင်း သူက သတင်းထောက်တွေကိုပြောပါတယ်။

အီဂျစ်နိုင်ငံမှာ နို၀င်ဘာ ၆ ရက်ကစတင်ခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီအိုပီ၂၇ ညီလာခံဟာ နို၀င်ဘာ ၁၈ ရက်မှာ ပြီးဆုံးမှာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနေတဲ့ ဆုံးရှုံးမှုများအတွက် ငွေကြေးအကူအညီပေးရေးအပေါ် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေအကြား သဘောကွဲလွဲမှုတွေရှိနေပါတယ်။

ကမ္ဘာ့ပျှမ်းမျှအပူချိန်ကို ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထိ ကန့်သတ်ဖို့ ရည်မှန်းချက်အတွက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကာဗွန်ထုတ်လုပ်မှုပမာဏကို လျှော့ချရေးကို အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂအကြီးအကဲက အလေးပေးပြောဆိုပါတယ်။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အဆိုပါရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖော်မယ့် ဆန္ဒကို မြင်တွေ့နေရကြောင်း၊ ဒါပေမယ့် စီအိုပီ၂၇ ညီလာခံမှာ ကတိက၀တ်တွေ ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်ရမှာဖြစ်ကြောင်း သူကတိုက်တွန်းပြောဆိုပါတယ်။

Ref: NHK
Photo: Getty Images
#voiceofmyanmar #VOM #ကိုင်ရို

Related posts

Leave a Comment

VOM News

FREE
VIEW