ကော်လိုရာဒိုပြည်နယ် လိင်တူချစ်သူကလပ်မှာ သေနတ်ပစ်ခတ်မှု ၅ ဦးသေဆုံး၊ ၂၅ ဦးဒဏ်ရာရ

ဝါရှင်တန်၊ နို၀င်ဘာ-၂၁-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ရှိ လိင်တူချစ်သူကလပ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် လူငါးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူများက နို၀င်ဘာ ၂၀ ရက်မှာပြောပါတယ်။

သံသယရှိသူကို ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဒဏ်ရာတွေကို ကုသပေးနေတယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ကလပ်ထဲမှာရှိနေတဲ့ လူနှစ်ဦးက သေနတ်သမားကို ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ အရေးပေါ်ဖုန်းခေါ်ဆိုမှုလက်ခံရရှိပြီးနောက် အခင်းဖြစ်ရာ ကလပ်ကျူကို ရောက်ရှိချိန်မှာ သံသယရှိသူကို ရိုင်ဖယ်သေနတ်အရှည်လို့ ယူဆရတဲ့ သေနတ်အပါအ၀င် သေနတ်နှစ်လက်နဲ့ အတူ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ သေဆုံးဒဏ်ရာရရှိသူတွေ ဘယ်သူဘယ်ဝါစိစစ်နေပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့ထားပါတယ်။

ဒီလိုဖြစ်ရပ်မျိုးကို သည်းခံတော့မှာမဟုတ်ကြောင်း အမေရိကန်သမ္မတ ဂျိူးဘိုင်ဒင်ကပြောပါတယ်။

ပစ်ခတ်မှုရဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးသော်လည်း အမုန်းတရားဆိုင်ရာ ရာဇ၀တ်မှု ဟုတ်မဟုတ်နဲ့ လူတဦးထက်ပိုပြီး ပါ၀င်ပတ်သက်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW