ယူကရိန်း ဇာပိုရစ်ဇီယာစက်ရုံမှာ နျူကလီးယားမတော်တဆမှုဖြစ်ပွားနိုင်ကြောင်း ရုရှားသတိပေး

မော်စကို၊ နို၀င်ဘာ-၂၂-၂၀၂၂
မျိုးဆက်(VOM)

ဥရောပရဲ့ အကြီးဆုံးနျူကလီးယားဓါတ်အားပေးစက်ရုံဖြစ်တဲ့ ဇာပိုရစ်ဇီယားစက်ရုံမှာ နျူကလီးယား မတော်တဆမှုဖြစ်ပွားနိုင်ကြောင်း ရုရှားအစိုးရရဲ့ အဏုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲက နို၀င်ဘာ ၂၁ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

အဲဒီနျူကလီးယားစက်ရုံကို ရုရှားကမတ်လအတွင်း သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး စက်ရုံနယ်မြေအနီးမှာ လက်နက်ကြီးပစ်ခတ်မှုတွေဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး ရုရှားနှင့်ယူကရိန်းတို့က အပြန်အလှန် စွပ်စွဲပြစ်တင်နေကြပါတယ်။

နို၀င်ဘာ ၂၀ ရက်ကလည်း လက်နက်ကြီးတွေကျရောက်ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြိီးနောက် စက်ရုံမှာ နျူကလီးယားမတော်တဆမှုဖြစ်ပွားနိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

ဇာပိုရစ်ဇီယားနျူကလီးယားဓါတ်အားပေးစက်ရုံမှာ နျူကလီးယားမတော်တဆမှု ဖြစ်ပွားနိုင်ခြေရှိနေပြီး ဒီကိစ္စအပေါ် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ( အိုင်အေအီးအေ)နဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း ရုရှားအဏုမြူစွမ်းအင် အေဂျင်စီအကြီးအကဲ အလက်ဇီလစ်ခါချော့ဗ်က ပြောပါတယ်။

ယူကရိန်းအနေနဲ့ အဆိုပါစက်ရုံမှာ အသေးစားနျူကလီးယားမတော်တဆမှုဖြစ်ပေါ်စေဖို့ ဆန္ဒရှိနေကြောင်း သူကပြောပါတယ်။

အိုင်အေအီးအေတော့ နျူကလီးဓါတ်အားပေးစက်ရုံ၀န်းကျင်မှာ ဘေးကင်းဇုန်တခု ဖန်တီးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

Ref: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW