စစ်ကိုင်းမြို့နယ်မှာ ဘုန်းကြီးကျောင်း ဓားပြတိုက်ခံရပြီး သိန်း သုံးရာကျော်ပါသွား

နိုဝင်ဘာ ၊၂၄ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ကင်းကျေးရွာမှာရှိ ထိုင်ဝမ် ဘုန်ကြီးကျောင်းမှာ မနေ့ နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ဓားပြတိုက်ခံရပြီး ကျောင်းဆောက်ဖို့ရန် လှူဒါန်းထားတဲ့ ပိုက်ဆံ သိန်း သုံးရာကျော် ပါသွားခဲ့တယ်လို့ ကင်းကျေးရွာမှာနေတဲ့ ဒေသခံတွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်မှာ ကျောင်းထဲကို အမည်မသိ လက်နက်ကိုင်ထားသူတွေ ၁၀ ယောက်လောက်ဝင်လာပြီး ၊ ကျောင်းထဲမှာရှိတဲ့ ဘုန်းကြီးနဲ့ ကိုရင်တွေ အပါအဝင် လူတွေကို အရင်ဖမ်းတယ် ၊ နောက်ပြီး ကျောင်းဆောက်ဖို့ လှူဒါန်းစုဆောင်းထားတဲ့ပိုက်ဆံ သိန်း သုံးရာကျော်နဲ့ ကပ္ပိယ ၄ ဦးဆီက ဖုန်း ၄ လုံး ယူသွားတာဖြစ်တယ် ” လို့ ကျောင်း ကပ္ပိယ တယောက်က ပြောပါတယ်။

အဲ့ဒီ ဓားပြတိုက်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ စစ်ကိုင်းခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က

” ထိုင်ဝမ် ဘုန်းကြီးကျောင်း ဓားပြတိုက်ခံရတာပါ ၊ ကျောင်းဆောက်ဖို့ အများကောင်းမှု လှူဒါန်းထားတဲ့ ပိုက်ဆံ သိန်းသုံးရာကျော် ပါသွားတယ် ၊ ဖြစ်စဥ်နဲ့ပတ်သက်လို့ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ် ” လို့ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ လကလည်း စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့မှာ ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးတစ်ပါး ပစ်သတ်ခံရပြီး ၊ ဆွမ်းခံရာမှာ အသုံးပြုတဲ့ ဟိုက်ဂျက် ခွေးဘီးလူးကား တစ်စီး လုယူခံရတာ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ဘုန်းကြီးကျောင်းဓားပြတိုက်ခံရပြီးသိန်း သုံးရာကျော်ပါသွား

Related posts

Leave a Comment

VOM News

FREE
VIEW