ညောင်ဦး – ကျောက်ပန်းတောင်းလမ်းမှာ အိမ်စီးကား ၁ စီး တိမ်းမှောက် ၊ ၃ ဦးသေ ၊ ၂ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊ ၂၃ ၊ ၂၀၂၂
SP (VOM)

မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ် ၊ ညောင်ဦး – ကျောက်ပန်းတောင်းလမ်းမှာ ဒီကနေ့ ၊ နေ့လယ်ပိုင်းက အိမ်စီးကား တစ်စီး တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါ လူတွေအနက် သေဆုံး ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

“ဒီကနေ့ ၊ နေ့လယ်ပိုင်း ၁၂ နာရီခွဲဝန်းကျင်မှာ ဖြစ်တာပါ ၊ ဖြစ်တဲ့နေရာက ညောင်ဦး – ကျောက်ပန်းတောင်းလမ်း ၊ မိုင်တိုင်အမှတ် ၁၇ / ၅ နေရာမှာဖြစ်တယ် ၊ ဖြစ်ပွားပုံးက အိမ်စီးကား တစ်စီးက အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာပါ ၊ ကားပေါ်မှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၄ ဦး ၊ ပေါင်း ၅ ဦးလိုက်ပါလာတယ် ၊ အဲ့ဒီအထဲက အမျိုးသမီး ၃ ဦး သေဆုံးပြီး ၊ ကျန် အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦးက ဒဏ်ရာရတယ်”လို့ အခင်းဖြစ်ပွားတဲ့နေရာမှာ ကူညီလုပ်ကိုင်ပေးနေတဲ့ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ယာဥ်မတော်တဆမှုဖြစ်ပွားရာမှာ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို တောင်ဇင်းမေတ္တာရှင် လူမှုကူညီရေးအသင်း၊ Bagan Rescue အသင်းနဲ့ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့က ညောင်ဦးမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ကျောက်ပန်းတောင်း – မိတ္ထီလာကားလမ်း ၊ ဇီးဖြူကုန်းကျေးရွာနားမှာ ခရီးသည်တင် Express ကား ၂ စီး တိုက်မိပြီး ယာဥ်ပေါ်ပါ ခရီးသည် ၁၃ ဦး သေဆုံးကာ ၁၈ ဦး ဒဏ်ရာရတာဖြစ်ခဲ့ပါသေးတယ်။

Photo-တောင်ဇင်းမေတ္တာရှင်လူမှုကူညီရေးအသင်း
#voiceofmyanmar #VOM #ညောင်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW