အင်ဒိုနီးရှား ဂျာဗားကျွန်းငလျင် သေဆုံးသူ ၂၆၀ ကျော်ထိ မြင့်တက်လာ ၊ လူ ၁၅၀ ကျော်ပျောက်ဆုံး

ဂျကာတာ၊ နို၀င်ဘာ-၂၃-၂၀၂၂
မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ နို၀င်ဘာ ၂၁ ရက်က အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်တွေလှုပ်ခတ်နေတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ကယ်ဆယ်ရေးသမားတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အင်အားပြင်းမြေငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ၁၄၀ ထိရှိကြောင်း အနောက်ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်ဒ်၀န်ကာမေးလ်က ပြောပါတယ်။

ငလျင်ကြောင့် ကလေးငယ်များစွာအပါအ၀င် လူ ၂၆၈ ဦးသေဆုံးခဲ့ပြီး လက်ရှိချိန်ထိ ၁၅၁ ဦးပျောက်ဆုံးနေဆဲဖြစ်ကာ လူတထောင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့နဲ့ ငလျင်ဘေးသင့်သူတွေကို ကူညီဖို့ ကယ်ဆယ်ရေးသမား ရာပေါင်းမျာစွာကို ဖြန့်ကြက်ထားပြီး ကယ်ဆယ်ရေးကြိုးပမ်းမှုတွေမှာ လမ်းတံတားနဲ့ အဆောက်အအုံတွေ ပျက်စီးမှု၊ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်မှုတို့ကြောင့် အခက်အခဲတွေဖြစ်ပေါ်နေပါတယ်။

နောက်ဆက်တွဲငလျင်ငလျင်ခတ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး နို၀င်ဘာ ၂၅ ရက်မှာ ရပ်တန့်သွားနိုင်ကြောင်းနဲ့ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးတွေကိုသာ အာရုံစိုက်လုပ်ဆောင်နေကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကာမေးလ်က ပြောဆိုထားပါတယ်။

Ref: BBC
Photo: Reuters
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW